Wednesday, February 25, 2015

သင်ကြားပေးလိုက်သည့် ဖွံ့ဖြိုးရေးအသိအမြင်များအား တာဝန်ကျရာဒေသများအထိသယ်ဆောင်ပြီး အကျိုးရှိအောင်ဆောင်ရွက်

 'သင်ကြားပေးလိုက်သည့် ဖွံ့ဖြိုးရေးအသိအမြင်များအား တာဝန်ကျရာဒေသများအထိသယ်ဆောင်ပြီး အကျိုးရှိအောင်ဆောင်ရွက်
============================

နေပြည်တော်  ဖေဖော်ဝါရီ  ၂၄

သင်ယူလေ့လာခဲ့သည့်  ဖွံ့ဖြိုး ရေးအသိအမြင်ပညာများကို   မှန် ကန်စွာအသုံးချခြင်းဖြင့် မိမိအတွက်၊ ဒေသအတွက်၊   တိုင်းပြည်အတွက် ရလဒ်ကောင်းများ ရရှိနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ် များအတွက်လည်း လေ့ကျင့်မွေးထုတ် ရကျိုးနပ်စေမှာ    ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်း၌     ဖွံ့ဖြိုးရေး တက္ကသိုလ်    ဘွဲ့နှင်းသဘင်ခန်းမ တွင်  ကျင်းပသည့်   ကွန်ပျူတာ၊ ထောက်ပံ့ငွေနှင့်ပစ္စည်းများ လှူဒါန်း ခြင်းအခမ်းအနား၌ အမှာစကားပြော ကြားရာတွင်   ထည့်သွင်းပြောကြား ခဲ့သည်။

တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့်    အလှူရှင်များက ပြည်ထောင်စု  တိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည် ထောင်စုတိုင်းရင်းသား  လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့ ကွန်ပျူတာ၊ ထောက်ပံ့ငွေနှင့်ပစ္စည်းများလှူဒါန်းခြင်း  အခမ်းအနားကို ယနေ့နံနက်ပိုင်း၌  စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးရှိ   ဖွံ့ဖြိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်   ကျင်းပရာ   တပ်မတော်ကာကွယ်ရေး    ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး     မင်းအောင်လှိုင် တက်ရောက်လှူဒါန်းခဲ့သည်။

အခမ်းအနားသို့   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊  စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးသာ အေး၊   ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်   (လေ)နှင့် တပ်မတော်အရာရှိကြီးများ၊ အနောက် မြောက်တိုင်း     စစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်း   စစ်ဌာနချုပ်တို့မှ တိုင်းမှူးများ၊ ဌာနဆိုင်ရာ  တာဝန် ရှိသူများ၊ သက်ဆိုင်ရာတက္ကသိုလ်နှင့် ကောလိပ်တို့မှ   ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီး၊  ဆရာ  ဆရာမ များနှင့်       တိုင်းရင်းသားလူငယ် ကျောင်းသား    ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ  ပါမောက္ခချုပ် ဦးစိုး တင့်နှင့်  ကျောင်းအုပ်ကြီး  ဦးညွန့် ဆောင်တို့က    တက္ကသိုလ်၊  ဒီဂရီ ကောလိပ်ဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တပ်မတော်(ကြည်း၊ ရေ၊လေ)မိသားစုများနှင့် အလှူရှင် များပေးအပ်လှူဒါန်းသည့် ကွန်ပျူတာ အလုံး၇ဝစီအားလည်းကောင်း၊ တပ်မ တော်(ကြည်း၊ရေ၊လေ)  မိသားစုများ လှူဒါန်းသည့်  အလှူငွေကျပ်သိန်း ၁ဝဝ  စီအား   လည်းကောင်း     တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်ရာ    ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးတို့က   အသီးသီး လက်ခံရယူ၍  တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ထံ  ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် စားသောက်ဖွယ်ရာ များ၊ စာအုပ်စာစောင်များ၊ မြန်မာ စီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့ စီးပွားရေး   ဦးပိုင်လီမိတက်တို့မှ လှူဒါန်းငွေကျပ်သိန်း ၂ဝဝ စီအား စစ်ရေးချုပ်    ဗိုလ်ချုပ်ဆန်းဦးက ပေးအပ်လှူဒါန်းရာ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးတို့က လက်ခံရယူ သည်။

ဆက်လက်၍      နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို    သက်စွန့် ကြိုးပမ်းရာမှကျဆုံး၊ ထိခိုက်၊ ဒဏ်ရာ ရရှိခဲ့သည် အရာရှိ/   စစ်သည်များ အတွက် တက္ကသိုလ်နှင့်ဒီဂရီကောလိပ် မိသားစုများ၏ လှူဒါန်းငွေ ၁၅သိန်း စီအား ပါမောက္ခချုပ်နှင့် ကျောင်းအုပ် ကြီးတို့က     ပေးအပ်လှူဒါန်းရာ စစ်ရေးချုပ်က လက်ခံရယူသည်။

ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က   လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားရာ တွင် မိမိတို့နိုင်ငံတွင်   တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၁၃ဝ ကျော် စုစည်း နေထိုင်ကြပြီး  ၁၉၄၈ ခုနှစ်မှ ယနေ့ တိုင်    ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင် ရန် နှစ်ပေါင်း ၆ဝ ကျော် ကြိုးပမ်း တည်ဆောက်      ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့်  ဖွံ့ဖြိုး တိုးတက်မှု     ရနိုင်သလောက်မရခဲ့ ကြောင်း၊  ကိုလိုနီဘဝသွေးခွဲအုပ်ချုပ် မှုကြောင့် နိုင်ငံရေး၊ တိုင်းရင်းသား ရေး၊ ဘာသာရေး၊   အယူဝါဒရေး ကွဲပြားမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ယနေ့ ဈေးကွက်စီးပွားရေးစနစ်နှင့်    ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို    ဥပဒေ နှင့်အညီ လျှောက်လှမ်းနေချိန်ဖြစ်၍ တိုင်းရင်းသားအားလုံး   တူညီသော ဆန္ဒဖြင့်    ယင်းလမ်းကြောင်းပေါ် လျှောက်လှမ်းကြရန်   လိုကြောင်း၊    တိုင်းဒေသကြီး၊    ပြည်နယ်အားလုံး၊ တိုင်းရင်းသားများ   အားလုံးအား ဥပဒေနှင့်အညီ  တူညီသောအခွင့် အရေးများပေးထားကြောင်း၊ တပ်မ တော်အနေဖြင့်  တည်ငြိမ်အေးချမ်း ရေး၊  စည်းလုံးညီညွတ်ရေး၊  ဖွံ့ဖြိုး တိုးတက်ရေး   လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေပါကြောင်း၊ တည် ငြိမ်အေးချမ်းရေးအား    ရှေးအစဉ် အဆက်က လုပ်ဆောင်ခဲ့သော်လည်း တည်ငြိမ်အေးချမ်းမှုအပေါ် မူတည် ၍ ဖွံ့ဖြိုးတိုးတက်မှုများကွာဟသွား ခဲ့ကြောင်း၊     တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်    ကျေးလက် ဒေသများ၌    လူနေမှုစနစ်၊ ကျန်းမာ ရေးနှင့် ပညာရေးတို့တွင်  မြို့ပြနှင့်  ကွာဟမှုများရှိကြောင်း၊   အထူးသဖြင့် ပညာရေးကွာဟချက်များပြီး    ကျေး လက်နေကလေးများ  ပညာရေးတိုး တက်မှုနှေးကွေးပါကြောင်း၊   တိုင်း ရင်းသားများအကြား မြန်မာနိုင်ငံ၏ ပင်မစကားဖြစ်သည့် မြန်မာစကား ပြောမှု အားနည်းသဖြင့်     ပညာ သင်ကြားရေးတွင် အခက်အခဲများ ရှိကြောင်း၊ လေ့လာဆန်းစစ်ချက်အရ ကျောင်းနေသင့်သည့်အရွယ်တွင် ၉၅ ရာခိုင်နှုန်းခန့်မှာ   ကျောင်းနေကြပါ ကြောင်း၊ ယင်းမှတစ်ဆင့်   သူငယ် တန်း၊ တစ်တန်း၊ နှစ်တန်းစသည်ဖြင့် မူလတန်းအဆင့် တန်းစဉ်ကူးပြောင်း သင်ကြားမှုရာခိုင်နှုန်း  ဒေသအချို့ တွင်     တော်တော်နည်းသွားပါ ကြောင်း၊ ပညာသင်ကြားမှု သက်တမ်း ၁ဝ နှစ်အကြာ ၁ဝ တန်းရောက်သူ၊ တက္ကသိုလ်ရောက်သူ  ရာခိုင်နှုန်းမှာအလွန်နည်းနေသည်ကို    တွေ့ရပါ ကြောင်း၊  ပညာရေးအားနည်းခြင်း သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျကျန်စေပါကြောင်း၊  နယ် စပ်ဒေသ၊     ကျေးလက်ဒေသ၏ အဓိကလိုအပ်ချက်ဖြစ်သည့် လူ့စွမ်း အားအရင်းအမြစ်ကို  မွေးထုတ်ပေး သည့် ကျောင်းများဖြစ်၍ ပညာရေး မြှင့်တင်မှု၊    ဒေသဖွံ့ဖြိုးတိုးတက်မှု တို့အား  ယခုထက်ပို၍ မြှင့်တင်နိုင် ရန် လိုအပ်ပါကြောင်း၊     ပညာရေး မြှင့်တင်မှု   အထောက်အကူပြုရန် ယခုလှူဒါန်းသည့်  သင်ထောက်ကူ ပစ္စည်းဖြစ်သော ကွန်ပျူတာများအား တပ်မတော်    (ကြည်း၊ရေ၊လေ)မိသားစုများနှင့်      စေတနာရှင် အလှူရှင်များ၊ ကုမ္ပဏီများမှ ပူးပေါင်း ပါဝင် လှူဒါန်းခြင်းဖြစ်၍ စေတနာရှင် အလှူရှင်များအားလည်း   ကျေးဇူး တင်ရှိပါကြောင်း၊ တပ်မတော်အနေ ဖြင့်လည်း   တတ်နိုင်သည့်ဘက်မှ ယခုထက်ပို၍ ပံ့ပိုးကူညီဆောင်ရွက်ရန်အသင့်ရှိပါကြောင်း၊ ကျောင်းပြီး၍ တာဝန်ကျရာ   ဒေသအသီးသီးသို့ ရောက်ရှိပါကလည်း အုပ်ချုပ်မှုအဖွဲ့ အစည်းများ၊ ရပ်မိရပ်ဖများ၊ ပြည်သူ့ ကိုယ်စားလှယ်များနှင့်  ပူးပေါင်း၍ မိမိနယ်မြေဒေသ တိုးတက်အောင် လုပ်မည်ဆိုသည့်  စိတ်ဓာတ်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊  တာဝန်ထမ်း ဆောင်ရာ၌       ဘာပဲလုပ်လုပ် စည်းမျဉ်း    စည်းကမ်းဥပဒေနှင့် အညီသာ လိုက်နာလုပ်ဆောင်ရမည်  ဖြစ်ကြောင်း၊ ကျောင်းစည်းကမ်း၊ လူမှု စည်းကမ်း    ကောင်းမွန်မှုများကို လည်း အခြေခံခိုင်မာအောင် လုပ် ဆောင်ပေးရမည်     ဖြစ်ကြောင်း၊ ယနေ့အထိ  ဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဆင်း ၁၂၄၉၃ ဦး၊ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ဆင်း ၁၁၄၂ ဦး  မွေးထုတ်ပေးခဲ့ပြီး   နိုင်ငံအနှံ့ အပြားရှိ   ဒေသအသီးသီးတို့တွင် ဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်များ ထမ်း ဆောင်နေကြပါကြောင်း၊   သင်တန်း နှင့်ပတ်သက်သည့်    ကုန်ကျစရိတ် များအား   ငွေကြေးဖြင့်တိုင်းတာ၍ ရသော်လည်း     ရရှိသည့်အကျိုး ကျေးဇူးမှာ   အသုံးချနိုင်မှုအပေါ် မူတည်သဖြင့်    တိုင်းတာ၍မရ ကြောင်း၊ ကျောင်းမှသင်ကြားပေးလိုက် သည့် ဖွံ့ဖြိုးရေးအသိအမြင်များအား တာဝန်ကျရာဒေသများအထိ သယ် ဆောင်သွားပြီးဒေသတွင်   အကျိုး ရှိအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာတက္ကသိုလ်၊  ကောလိပ် တို့မှလောက်ကိုင်ဒေသရှိ တပ်မတော် သားများအတွက် လှူဒါန်းမှုကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊  လောက် ကိုင်ဖြစ်စဉ်တွင်   ကိုးကန့်ဒေသ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် စတင်လုပ်ဆောင်သူမှာ  ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်သောင်းကျန်း သူများပင်ဖြစ်ကြောင်း၊ ၎င်းတို့သည် နိုင်ငံတော်အစိုးရ၏ အစိတ်အပိုင်း တစ်ခုကို   တိုက်ခိုက်ထိပါးမှုဖြစ်ပါ ကြောင်း၊   တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ၏ တစ်စိတ်တစ်ဒေသ ကိုမှ    ထိခိုက်မှုမခံနိုင်ကြောင်း၊ အလားတူ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏   အသက်အိုးအိမ် စည်းစိမ်ကိုလည်း    လုံးဝအထိခိုက် မခံနိုင်ကြောင်း၊ တည်ငြိမ်အေးချမ်း မှုကို ပျက်ပြားစေမှုမှန်သမျှ  အမြစ် ပြတ်အောင်  ချေမှုန်းလုပ်ဆောင် ကာကွယ်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တက္ကသိုလ်ပြတိုက်တွင်  လှည့်လည် ကြည့်ရှုလေ့လာကြပြီး    ဧည့်သည် တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်း တင်လက်မှတ်ရေးထိုးသည်။

ယင်းနောက်    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ   စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့    ရောက်ရှိပြီး ကျောင်းဆောင်အတွင်း လှည့်လည် ကြည့်ရှုကာ ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးသည်။

ယနေ့ပြုလုပ်သည့် သင်ကြားမှု အထောက်အကူပြု   ကွန်ပျူတာများ လှူဒါန်းသည့်   အခမ်းအနားတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသား စုများနှင့်အတူ    ကမ္ဘောဇကုမ္ပဏီ လီမိတက်၊ မက်စ်မိသားစု၊    ထူး ဖောင်ဒေးရှင်း မိသားစု၊ ချမ်းဟိန်း ကုမ္ပဏီလီမိတက်မိသားစု၊   အိုင်ဂျီ အီးမိသားစု၊ Jewellery   Lucky Production   ကုမ္ပဏီလီမိတက် မိသားစု၊  Gateways  Group of Companies  မိသားစု၊ Asia World  ကုမ္ပဏီလီမိတက်မိသားစု၊    ဧဒင် ကုမ္ပဏီလီမိတက်မိသားစု၊   ကြယ်နီ လာကုမ္ပဏီများ  အုပ်စုမိသားစု၊ Sky One & Lucky Man    လီမိတက် မိသားစု၊ အောင်မြင်သူများ ကုမ္ပဏီ အုပ်စုမိသားစု၊ Amazing  ကုမ္ပဏီ လီမိတက်မိသားစု၊   နောင်တုံကုမ္ပဏီ လီမိတက်မိသားစု၊    ဗကအ့နညအငခ ကုမ္ပဏီလီမိတက်မိသားစုတို့မှလည်း ပူးပေါင်းပါဝင် လှူဒါန်းခဲ့ကြကြောင်း   သတင်းရရှိသည်။          
  (မြဝတီ)'

ယနေ့ပြုလုပ်သည့် သင်ကြားမှု အထောက်အကူပြု ကွန်ပျူတာများ လှူဒါန်းသည့် အခမ်းအနားတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသား စုများနှင့်အတူ ကမ္ဘောဇကုမ္ပဏီ လီမိတက်၊ မက်စ်မိသားစု၊ ထူး ဖောင်ဒေးရှင်း မိသားစု၊ ချမ်းဟိန်း ကုမ္ပဏီလီမိတက်မိသားစု၊ အိုင်ဂျီ အီးမိသားစု၊ Jewellery Lucky Production ကုမ္ပဏီလီမိတက် မိသားစု၊ Gateways Group of Companies မိသားစု၊ Asia World ကုမ္ပဏီလီမိတက်မိသားစု၊ ဧဒင် ကုမ္ပဏီလီမိတက်မိသားစု၊ ကြယ်နီ လာကုမ္ပဏီများ အုပ်စုမိသားစု၊ Sky One & Lucky Man လီမိတက် မိသားစု၊ အောင်မြင်သူများ ကုမ္ပဏီ အုပ်စုမိသားစု၊ Amazing ကုမ္ပဏီ လီမိတက်မိသားစု၊ နောင်တုံကုမ္ပဏီ လီမိတက်မိသားစု၊ Authentic ကုမ္ပဏီလီမိတက်မိသားစုတို့မှလည်း ပူးပေါင်းပါဝင် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment