နေပြည်တော် ဖေဖော်ဝါရီ ၂၄
၂ဝ၁၅ခုနှစ် စတုတ္ထအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက် ကျင်းပရာ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့နှင့် ဘော်လီဘောပြိုင်ပွဲများကို နေပြည်တော်ရှိ သတ်မှတ် ထားသည့် နေရာများ၌ ယှဉ်ပြိုင်ကြသည်။
မြန်မာ့သိုင်းပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားရုံ-C ၌ ကျင်းပရာ အမျိုးသမီးတစ်ကိုယ်တော်လက်သိုင်းစွမ်းရည် ပြ ပြိုင်ပွဲတွင် ချိုမီမီမွှေး(မန္တလေး)က ပထမ၊ ခိုင်ဝါဖူး (မွန်)က ဒုတိယ၊ သီရိမေအောင် (ရန်ကုန်)က တတိယ၊ အမျိုးသားတစ်ကိုယ်တော်လက်သိုင်းစွမ်းရည်ပြ ပြိုင်ပွဲ တွင် ဇော်မင်းထွေး(နေပြည်တော်)က ပထမ၊ ချိုမနား(မွန်)က ဒုတိယ၊ ဟိန်းသန့်နိုင်(စစ်ကိုင်း)က တတိယရရှိပြီး ဓါးသိုင်း အတိုက်ပြိုင်ပွဲတွင် စောရန်နိုင်(ရန်ကုန်)ကကျော်မင်းသူ (ရှမ်း)ကိုလည်းကောင်း၊ ထွန်းလင်းအောင်(မွန်)က အောင်ဖြိုး ဝေ(မကွေး)ကို လည်းကောင်း၊ ကျော်စိုးထက်(ပဲခူး)က ကျော်သူရကို (နေပြည်တော်)ကို လည်းကောင်း၊ အိုက်ညွန့်(ရှမ်း)က တေးဆန်းအောင် (ကချင်)ကို လည်းကောင်း၊ ကျော်စိုး ဝင်း(ပဲခူး)က ဝမ်းတင်ကိုကို (နေပြည် တော်)ကိုလည်းကောင်း၊ အောင်သူ (မွန်)က မြတ်နိုးမောင်(မကွေး)ကို လည်းကောင်း၊ ဖြိုးလင်းအောင် (မန္တလေး)က ဟိန်းသန့်နိုင် (စစ်ကိုင်း)ကိုလည်းကောင်း၊ ဗန်တိုအတိုက် ပြိုင်ပွဲတွင် ဝေယံလင်း (ရခိုင်)က မင်းနိုင်(ကချင်)ကို လည်းကောင်း၊ မျိုးထွန်းအံ့(ရန်ကုန်)က အောင်စည်သူ (ပဲခူး)ကို လည်းကောင်း၊ မျိုးကြိုင် (တနင်္သာရီ)က ဇေမောင်မောင်(မွန်)ကိုလည်းကောင်း၊ သိန်းထိုက်ဦး(ရခိုင်)က ကျော်ထွန်း(မန္တလေး)ကိုလည်း ကောင်း၊ အေးမင်း(တနင်္သာရီ)က ဇော်မင်းသွင်(မွန်)ကိုလည်းကောင်း၊ ဟိန်းမင်းစိုး(မန္တလေး)က ခန့်ကျော် ဇေ(မကွေး)ကို လည်းကောင်း၊ ဇိုက်ကေ (နေပြည်တော်)က အောင် ပြည့်ဇင်(ရှမ်း)ကိုလည်းကောင်း အနိုင် ရကြသည်၊
ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း-၁၌ အမျိုးသမီး/ အမျိုးသား မီတာ၅ဝဝဝ၊ အမျိုးသမီး/ အမျိုးသား လှံတံပစ်၊ အမျိုးသမီး/ အမျိုးသား အလျားခုန်၊ အမျိုးသမီး/ အမျိုးသား မီတာ ၁ဝဝ၊ အမျိုးသမီး/ အမျိုးသား မီတာ ၄ဝဝ တန်းကျော်၊ အမျိုးသမီး/အမျိုးသား မီတာ ၈ဝဝ ပြိုင်ပွဲများကို ကျင်းပရာ အမျိုးသမီး မီတာ ၅ဝဝဝ ပြိုင်ပွဲ၌ ဖြူဝါသက်(ပဲခူး)က ပထမ၊ ပပ(မန္တလေး)က ‘ဒုတိယ၊ မြင့်မြင့်အေး(ပဲခူး)က တတိယ၊ အမျိုး သား မီတာ၅ဝဝဝ ပြိုင်ပွဲ၌ ဆန်းနိုင် (မန္တလေး)က ပထမ၊ မာကောက် (စစ်ကိုင်း)က ဒုတိယ၊ စိုးမင်းသူ (မကွေး)က တတိယ၊ အမျိုးသမီး အလျားခုန်ပြိုင်ပွဲ၌ အေးအေးသန်း (စစ်ကိုင်း)က ပထမ၊ ဖရန်စ္စကာ (ကယား)က ‘ဒုတိယ၊ နှင်းရည်ဝေ (ပဲခူး)က တတိယ၊ အမျိုးသားအလျား ခုန်ပြိုင်ပွဲ၌ ကျော်ထက်အောင်(ပဲခူး)က ပထမ၊ ဇင်ကိုကို(ပဲခူး)က ‘ဒုတိယ၊ စိုင်းမောင်မောင်(ရန်ကုန်)က တတိယ၊ အမျိုးသမီး မီတာ ၁ဝဝ ပြိုင်ပွဲ၌ စုကြည်အောင် (မကွေး)က ပထမ၊ သဲပွင့်ဖြူ(တနင်္သာရီ)က ‘ဒုတိယ၊ လဲ့လဲ့ဝင်း(မကွေး)က တတိယ၊ အမျိုး သား မီတာ ၁ဝဝ ပြိုင်ပွဲ၌ ကျော်ဇင် အောင်(မကွေး)က ပထမ၊ ကျော်ဆန်း လင်း(မွန်)က ဒုတိယ၊ လင်းဇေယျာ နောင်(စစ်ကိုင်း)က တတိယ၊ အမျိုး သမီး မီတာ ၄ဝဝ တန်းကျော် ပြိုင်ပွဲ၌ နှင်းဝတ်ရည်(မန္တလေး)က ပထမ၊ နီနီတိုး(စစ်ကိုင်း)က ‘ဒုတိယ၊ ဝင့်ဝါ ထွန်း(ရန်ကုန်)က တတိယ၊ အမျိုးသား မီတာ ၄ဝဝ တန်းကျော်ပြိုင်ပွဲ၌ ကျော်မျိုးမင်း(ရန်ကုန်)က ပထမ၊ စိုးမိုးဝင်း(မကွေး)က ဒုတိယ၊ သန့်ဇင်သိန်း(မန္တလေး) က တတိယ ရရှိကြသည်။
ဘတ်စကက်ဘော ပြိုင်ပွဲကို လေ့ကျင့်ရေးကွင်း၌ ကျင်းပရာ အမျိုးသားပွဲစဉ်တွင် နေပြည်တော်က ပဲခူးကို (၄၅-၄ဝ)မှတ်ဖြင့် လည်း ကောင်း၊ မန္တလေးက စစ်ကိုင်းကို (၇၁-၆၉)မှတ်ဖြင့် လည်းကောင်း၊ အမျိုးသမီးပွဲစဉ်တွင် မွန်က မကွေးကို (၅ဝ-၄၄)မှတ်ဖြင့် လည်းကောင်း၊ ပဲခူးကရှမ်းကို (၆ဝ-၂၇)မှတ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းက ကရင်ကို (၈၆-၃၇)မှတ်ဖြင့် လည်းကောင်း အနိုင်ရကြသည်။
ဘော်လီဘောပြိုင်ပွဲကို နံနက် ၈နာရီတွင် လေ့ကျင့်ရေးကွင်း၌ ကျင်းပရာ အမျိုးသားပွဲစဉ်တွင် ရန်ကုန်က ပဲခူးကိုလည်းကောင်း၊ ကယားက ကရင်ကိုလည်းကောင်း၊ စစ်ကိုင်းက မကွေးကိုလည်းကောင်း၊ အမျိုးသမီးပွဲစဉ်တွင် ရန်ကုန်က မကွေးကိုလည်းကောင်း၊ ရှမ်းက ပဲခူးကိုလည်းကောင်း၊ ရခိုင်က မန္တလေးကိုလည်းကောင်း၊ စစ်ကိုင်းက ဧရာဝတီကိုလည်းကောင်း အနိုင်ရ ကြသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲ (၃)ယောက် တွဲ အဖွဲ့လိုက် အုပ်စုပွဲစဉ်များကို နံနက် ၈ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ-B ၌ ကျင်းပရာ အမျိုးသမီးရှုံးထွက်ပွဲစဉ်တွင် မွန်က ရှမ်းကိုလည်းကောင်း၊ ပဲခူးက မကွေး ကိုလည်းကောင်း၊ ရန်ကုန်က မန္တလေး ကို လည်းကောင်း၊ ဧရာဝတီက စစ်ကိုင်းကိုလည်းကောင်း၊ အမျိုးသား ရှုံးထွက်ပွဲစဉ်တွင် ဧရာဝတီက ကချင်ကိုလည်းကောင်း၊ မန္တလေးက ကယားကိုလည်းကောင်း၊ ရန်ကုန်က မကွေးကိုလည်းကောင်း၊ ရခိုင်က စစ်ကိုင်းကိုလည်းကောင်း အနိုင်ရ ရှိကာ အကြိုဗိုလ်လုပွဲတက်ရောက်ကြ သည်။
လက်ဝှေ့ပြိုင်ပွဲများကို မွန်းလွဲ ၂နာရီတွင် ဝဏ္ဏသိဒ္ဓိ လက်ဝှေ့ အားကစားရုံ၌ ကျင်းပရာ အမျိုးသမီး ၄၈ကီလိုတန်းတွင် ယဉ်ယဉ်အောင် (စစ်ကိုင်း)က မြတ်မိုးသူ(ဧရာဝတီ)ကိုလည်းကောင်း၊ ၅၁ ကီလိုတန်းတွင် နှင်းမို့မို့နိုင်(ရှမ်း)က နယ်လီ(စစ်ကိုင်း)ကိုလည်းကောင်း၊ ၅၄ ကီလိုတန်းတွင် ခင်နှောင်းတင့်(ရှမ်း)က အိဖြူထွေး (တနင်္သာရီ)ကို လည်းကောင်း၊ နွယ်နီ ဦး(ပဲခူး)က မာရီးနာ(ကယား)ကို လည်းကောင်း၊ ၆ဝ ကီလိုတန်းတွင် ဘယ်ရောနီကာ(ရှမ်း)က နော်ဥမ္မာစိုး (ပဲခူး)ကိုလည်းကောင်း၊ အမျိုးသား ၄၆ ကီလိုတန်းတွင် မောင်းရှိန်း(ချင်း)က အေးမင်း(တနင်္သာရီ)ကို လည်း ကောင်း၊ ချမ်းသာဦး(ပဲခူး)က နိုင်ဇော် အောင်(ဧရာဝတီ)ကို လည်းကောင်း အနိုင်ရကြသည်။
ဖူဆယ်ပြိုင်ပွဲကို ဖူဆယ်အားက စားရုံ၌ ကျင်းပရာ အမျိုးသားအကြို ဗိုလ်လုပွဲစဉ်တွင် ကချင်က ရှမ်းကို (၉-ဝ)ဂိုးဖြင့်လည်းကောင်း၊ စစ်ကိုင်း က ပဲခူးကို အချိန်ပို၌ (၅-၄) ဂိုးဖြင့် လည်းကောင်း အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်ကြသည်။
သတင်းနှင့် ဓာတ်ပုံ -ကိုကိုစိုးညွန့်

No comments:
Post a Comment