Friday, February 27, 2015

သြစတြေးလျဝန်ကြီးချုပ်၏ တောင်းဆိုမှုအပေါ် အင်ဒိုနီးရှားပြည်သူများ ခါးသီးစွာငြင်းပယ်





ဂျကာတာ        ဖေဖော်ဝါရီ         ၂၆

အင်ဒိုနီးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးသယ်ဆောင်မှုဖြင့် သေဒဏ်ချမှတ် ခြင်းခံရမည့် သြစတြေးလျနိုင်ငံသား ကိုးဦးအား ဆူနာမီဖြစ်ခဲ့သည့်အချိန်တွင် ကူညီခဲ့ဖူးသည့်ကျေးဇူးကို    ထောက်ထားသောအားဖြင့် သက်ညှာမှုပေးရန် သြစတြေးလျဝန်ကြီးချုပ်က  အင်ဒိုနီးရှားအစိုးရအား တောင်းဆိုခဲ့သည်ကို ပြည်သူများကမကျေမနပ်ဖြစ်ကာ    အကြွေးပြန်ဆပ်ရန်    နိုင်ငံအဝန်း အကြွေစေ့များ စုဆောင်းကာ ဆန္ဒထုတ်ဖော်လျက်ရှိကြသည်။

ဆန္ဒထုတ်ဖော်သူများက သြစတြေးလျဝန်ကြီးချုပ်၏ပါးစပ်ကို အနီရောင် တိပ်များဖြင့် ကန့်လန့်ဖြတ်ပိတ်ထားသောဓာတ်ပုံများကိုင်ဆောင်ကာ နိုင်ငံ အဝန်းလှည့်လည်ဆန္ဒပြကြသည်။

အင်ဒိုနီးရှားနိုင်ငံအား သြစတြေးလျဝန်ကြီးချုပ်က ဆူနာမီဘေးရင်ဆိုင် နေရချိန်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံထောက်ပံ့ပေးခဲ့သည်။ ထိုအချိန်က  ဘိန်းဖြူသယ်ဆောင်မှုဖြင့် အင်ဒိုနီးရှားနိုင်ငံတရားရုံးတွင်  တရားရင်ဆိုင် နေကြသည့်   သြစတြေးလျနိုင်ငံသား   ကိုးဦးအား သြစတြေးလျဝန်ကြီးချုပ် အနေဖြင့် အယူခံဝင်ရန် ကြိုးပမ်းနေသည့်ကာလလည်းဖြစ်သည်။

၂ဝဝ၄ခုနှစ်တွင်   ဆူမတ်ထရာကမ်းရိုးတန်းအနောက်ဘက်ပိုင်းတွင် ငလျင်နှင့်ဆူနာမီရေလှိုင်းဒဏ်ခံရမှုကြောင့် လူပေါင်း  တစ်သိန်းကျော်သေဆုံး ခဲ့ရသည်။ ထိုအချိန်တွင် သြစတြေးလျနိုင်ငံက အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကို ကနဦးအနေဖြင့်ထောက်ပံ့ပေးခဲ့သည်။

ယခုအချိန်သည် အင်ဒိုနီးရှားနိုင်ငံအတွက် အကြွေးပန်လည်ပေးဆပ်ရမည့်အချိန်ဖြစ်ကြောင်း     သြစတြေးလျဝန်ကြီးချုပ်    တိုနီအဘော့က   ယခု ရက်သတ္တပတ်အတွင်း      ပြောကြားခဲ့ကြောင်း  သိရသည်။   ၂ဝဝ၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံမှ သြစတြေးလျနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃ သန်းတန်ဖိုး ရှိ ဘိန်းဖြူများ မှောင်ခိုတင်သွင်းရန်ကြိုးပမ်းခဲ့သည့် သြစတြေးလျနိုင်ငံသား ကိုးဦးအား ဘာလီမြို့တွင်   ဖမ်းဆီးခဲ့သည်။  ၎င်းတို့အား ပြန်လည်လွှတ်ပေးရန် ဝန်ကြီးချုပ်ကတောင်းဆိုခဲ့သည်။

သြစတြေးလျဝန်ကြီးချုပ်၏တောင်းဆိုမှုကို ခါးခါးသီးသီးငြင်းပယ်သည့်အနေဖြင့် အင်ဒိုနီးရှားပြည်သူများက   အကြွေးပြန်ဆပ်ရန်   အကြွေစေ့များ စုဆောင်းလျက် ဆန္ဒထုတ်ဖော်နေကြသည်။

ရိုက်တာ။

No comments:

Post a Comment