Tuesday, February 24, 2015

လည်ပတ်ဖွယ်ရာများ စုံလင်သည့် ရှမ်းပြည်နယ်

Photo: လည်ပတ်ဖွယ်ရာများ စုံလင်သည့် ရှမ်းပြည်နယ်

တောင်ကြီး   ဖေဖော်ဝါရီ  ၂၃

ရှမ်းပြည်နယ်၏   မြို့တော်မှာ တောင်ကြီးဖြစ်ပြီး လူဦးရေ သုံးသိန်း ခန့်နေထိုင်လျက် ကားလမ်း၊ ရထား လမ်း၊ လေယာဉ်တို့ဖြင့်သွားလာနိုင် သည်။
 ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကမ္ဘာကျော်  အာဆီယံအမွေအနှစ်  ကုန်းတွင်း  ရေကန်ကြီးဖြစ်သည့် အင်းလေးကန်၊ ရှေးဟောင်း   ဘုရား ပုထိုးစေတီများဖြစ်သည့် မွေတော်ကက္ကူ၊  ပင်းတယ ရွှေဥမှင်၊ ကလော မြင်းမထိ ဂူ၊ ဟိုပုံးထန်ဆန်းဂူနှင့် ဘဝသံသရာ တံတားများတည်ရှိသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လားရှိုးမြို့သည် အကြီးဆုံးမြို့ဖြစ်ပြီး မန္တလေးမှကား လမ်း၊ ရထားလမ်းတို့ဖြင့် လည်းကောင်း၊ ကျေးသီး၊ မိုင်းကိုင်မှ ကားလမ်းဖြင့် လည်းကောင်း၊ လားရှိုးမြို့သို့ လေ ယာဉ်ဖြင့်လည်းကောင်း  သွားရောက် နိုင်သည်။ ဂုတ်တွင်း၊ ဂုတ်ထိပ်မီးရထား တံတား၊သီပေါ၊ လားရှိုး၊သိန်းနီမြို့များ၌ စော်ဘွားတို့၏ ဟော်နန်းများ၊ ဘော်ကြို ဘုရား၊ မန်ဆူဘုရား၊ လားရှိုးရေပူစမ်း နှင့် မူဆယ်မှတစ်ဆင့် နယ်စပ်မြို့များ သို့ သွားရောက်လည်ပတ်နိုင်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျိုင်း တုံသည်   ရှေးဟောင်းစော်ဘွားမြို့ တော်ဖြစ်ပြီး တာချီလိတ်သည် ထိုင်း နိုင်ငံနှင့်ဆက်စပ်ပြီး စီးပွားရေး ဖွံ့ဖြိုး သည့်မြို့တစ်ခုဖြစ်ကြောင်း တွေ့ရပေ မည်။ ကျိုင်းတုံ၊ တာချီလိတ်မြို့များသို့ တောင်ကြီးမှ  ကားလမ်းဖြင့် လည်း ကောင်း၊  လေယာဉ်ဖြင့်  လည်း ကောင်း သွားရောက်နိုင်ပြီး ကျိုင်းတုံ မြို့၌ သစ်တစ်ပင်တောင်၊ ခေမရဋ္ဌ ဗျာဒိတ်ပေးဘုရား၊   ရေပူစမ်းနှင့် မဟာမြတ်မုနိဘုရား၊ နောင်တုံကန် အလှကို  လည်းကောင်း၊ တာချီလိတ် မြို့၌ ဝမ်ကောင်းဈေး၊ ရွှေတိဂုံပုံတူ ဘုရားနှင့်  နယ်စပ်ဂိတ်မှထိုင်းနိုင်ငံ အတွင်းသို့  သွားရောက်လည်ပတ်နိုင်  ပေသည်။

၂ဝ၁၅ခုနှစ် (၆၈)နှစ် မြောက် ရှမ်းပြည်နယ်နေ့ကို  ထူးထူးခြားခြား ဖြင့် ဖေဖော်ဝါရီ   ၇ ရက်မှ ၁၂ ရက်အထိ  အဝေယာ ကုန်းသာယာ မီးပုံးပျံကွင်းတွင် လူထုအခမ်းအနား ကျင်းပခြင်း၊ ပြခန်းများ ခင်းကျင်းပြသ ခြင်း၊  ရိုးရာဓလေ့ပျော်ပွဲရွှင်ပွဲများ   ကျင်းပခြင်း၊   အားကစားပြိုင်ပွဲများ၊ သီချင်းဆိုပြိုင်ပွဲများ၊     ဈေးပွဲတော် များဖြင့်  ရှမ်းတိုင်းရင်းသားတစ်မျိုး တည်းကိုသာ    ကိုယ်စားပြုခြင်း မဟုတ်ဘဲ ပြည်နယ်အတွင်း မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသားမျိုး နွယ်စုအပေါင်းကို  အလေးထားကာ  တိုင်းရင်းသား ပေါင်းစုံမှီတင်းနေထိုင် သည့် ရှမ်းပြည်နယ်ကြီးအား အဘက် ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်  လည်းကောင်း၊   တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်ဖြင့်  အတူ ယှဉ်တွဲ နေထိုင်နိုင်ရေးကို  လည်း ကောင်း၊   စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုး    တိုးတက်သည့်   ဒီမို ကရေစီနိုင်ငံတော်ကြီး တည်ဆောက် ရေးတွင် လည်းကောင်း၊   ပြည်နယ် အတွင်းရှိ   တိုင်းရင်းသားပြည်သူ အလွှာပေါင်းစုံမှ   မိမိပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲ ပါဝင်ဆောင်ရွက်သွားကြောင်း ရေး သားတင်ပြလိုက်ရသည်။နိုင်ထွန်း(TGI)

No comments:

Post a Comment