Sunday, February 1, 2015

သြစတြေးလျအိုးပင်း မာရေးနှင့်ဂျိုကိုဗစ် ဗိုလ်လုမည်

 Photo: သြစတြေးလျအိုးပင်း မာရေးနှင့်ဂျိုကိုဗစ် ဗိုလ်လုမည်
====================================

သြစတြေးလျဖလားကို ဆွတ်ခူး ဖို့ ဗြိတိသျှနာမည်ကြီး   တင်းနစ် ကစားသမား  အင်ဒီမာရေးကတော့ ဗိုလ်လုပွဲက စောင့်ကြိုနေပါပြီ။ သူဟာ သောမတ်ဘာဒစ်ကို အနိုင်ကစားပြီး ဗိုလ်လုပွဲတက်ခဲ့တာပါ။  မာရေးဟာ သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ မှာ  လေးကြိမ်မြောက်ဗိုလ်လုပွဲတက် ခဲ့ခြင်းပါ။ အသက် ၂၇ နှစ်အရွယ်ရှိ တဲ့ မာရေးဟာ ဂျိုကိုဗစ်နဲ့ ဗိုလ်လုပွဲ ကစားရမှာဖြစ်ပါတယ်။   လက်ရှိ ချန်ပီယံ စတန်ဝါရင်ကာဟာ ကမ္ဘာ့ နံပါတ်တစ် ဂျိုကိုဗစ်တို့  အကြိတ် အနယ်ယှဉ်ပြိုင်ခဲ့ပေမယ့်  ရှုံးနိမ့်ခဲ့ ပါတယ်။ မာရေးဟာ ချစ်သူ   ကင် ဆီးယားနဲ့  နည်းပြမော်ရက်စမိုတို့ ကြားမှာ ဗျာများနေသူပါ။  ချစ်သူရဲ့ အားပေးမှုနဲ့ပဲ   ဖလားဆွတ်ခူးနိုင် မလား၊  နည်းပြရဲ့ညွှန်ပြမှုနဲ့ဖလားယူ နိုင်မလားဆိုတာကတော့    မပြောနိုင် သေးပါဘူး။  ဒါပေမယ့်   ချစ်သူ ကင်ဆီးယားရဲ့ အားပေးမှုကတော့    သူ့အတွက်    အားဆေးလို့ဆိုရမှာ ပါ။    

တနင်္ဂနွေနေ့မှာ  မာရေးနဲ့  သြစ တြေးလျအိုးပင်း ဖလားဗိုလ်လုပွဲကြီးကို     ကြည့်ရှုရမှာ ဖြစ်ပါတယ်။  ဒီပွဲမှာ  မာရေးရဲ့ အကောင်းဆုံးပြိုင်ပွဲဖြစ်လာ လိမ့်မယ်လို့လည်း တင်းနစ်ဝါသနာ ရှင်များက မျှော်လင့်ထားပါတယ်။
ကောင်းမြတ်သူ
 
No comments:

Post a Comment