Sunday, February 1, 2015

နေပြည်တော် အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းနှင့် တပ်ကုန်းမြို့နယ် အမျိုးသားသက်ကြီးအသင်းတို့ ခြေစမ်းပွဲယှဉ်ပြိုင်

Photo: နေပြည်တော် အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းနှင့်
တပ်ကုန်းမြို့နယ် အမျိုးသားသက်ကြီးအသင်းတို့ ခြေစမ်းပွဲယှဉ်ပြိုင်

တပ်ကုန်း     ဇန်နဝါရီ    ၃၁

နေပြည်တော် တပ်ကုန်းမြို့တွင် တပ်ကုန်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အား/ကာကော်မတီတို့မှ ကြီးမှူးကျင်းပသော ဘောလုံးပြိုင်ပွဲ ခြေစမ်းပွဲ ပွဲစဉ်ကို တပ်ကုန်းမြို့နယ်အားကစားကွင်း၌ ဇန်နဝါရီ ၃၁ ရက် ညနေ ၃ နာရီခွဲတွင် နေပြည်တော် အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းနှင့် တပ်ကုန်းမြို့နယ် အမျိုးသားသက်ကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် နေပြည်တော် လူငယ်လက်ရွေးစင်အမျိုးသမီးအသင်း မှ နည်းပြ Mr.Chalor က တပ်ကုန်းမြို့နယ် အမျိုးသားသက်ကြီးဘောလုံးအသင်းကို ဘောလုံးလက်ဆောင်ပေးအပ်ကာ တပ်ကုန်းမြို့နယ်ဘောလုံး တာဝန်ခံ ဦးကျော်ဦးလွင်က လက်ခံရယူခဲ့ပြီး တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဥက္ကဋ္ဌ ဦးကံစောလှိုင်က ဂုဏ်ပြုသစ်သီးခြင်း ပြန်လည်ပေးအပ်ကာ နေပြည်တော် အမျိုးသမီးအသင်းနည်းပြ ဦးကျော်ကျော်က လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် ပြိုင်ပွဲယှဉ်ပြိုင်မည့် နှစ်ဖက်အသင်းမှ အားကစားသမားများကို နေပြည်တော်ကောင်စီနယ်မြေ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်တို့မှ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ပြိုင်ပွဲတွင် တပ်ကုန်းမြို့နယ် အမျိုးသားသက်ကြီးအသင်းက နေပြည်တော် အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းကို ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တပ်ကုန်းမြို့နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ဘောလုံးဝါသနာရှင်ပရိသတ်များ ကွင်းလုံးပြည့် လာရောက်အားပေးခဲ့ကြောင်း သိရသည်။ 

ဇင်ဘို(ကြေးမုံ)

No comments:

Post a Comment