Thursday, February 26, 2015

ရန်ကုန်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ



နေပြည်တော် ဖေဖော်ဝါရီ ၂၅
မူးယစ်တပ်ဖွဲ့စု(၄၂)ရန်ကုန်(အနောက်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက်က သင်္ဃန်းကျွန်းမြို့နယ် လေးထောင့် ကန်လမ်းမ စံပြဈေးအနီးရှိ သီတာရွှေဆိုင်ရှေ့တွင် လမ်းလျှောက်လာသူ မကြည်ကြည်စန်း(ခ)မလေးအား ရှာဖွေရာ ၎င်း၏ယာလက်တွင် ကိုင်ဆောင်ထား သည့် လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ပြား သိမ်းဆည်း ရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းနေထိုင်ရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ၄၆ ရပ်ကွက် ဒီပါအေးမြလမ်း နေအိမ်သို့ သွားရောက်ရှာဖွေရာ အိပ်ခန်း အတွင်းရှိ မွေ့ရာဘေးမှ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ၄ ပြား ထပ်မံသိမ်းဆည်း ရမိပြီး ၎င်း၏နေအိမ်သို့ ရောက်ရှိလာသူ မြင့်သိန်းအား ရှာဖွေရာ အင်္ကျီအိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄ဝ နှင့် ၎င်း၏လက်တွင် ကိုင်ဆောင်ထားသည့် ကြွပ်ကြွပ်အိတ်အတွင်းမှ ဆေးပြား ၃၂ဝ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၃၆ဝ ထပ်မံသိမ်းဆည်းရမိသဖြင့် မကြည်ကြည်စန်း(ခ)မလေး (၅၂)နှစ်နှင့် သိန်းမြင့် (၄၇)နှစ်တို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(မူးယစ်ဗဟို)


No comments:

Post a Comment