Thursday, February 26, 2015

အိမ်ရာများ လုံခြုံရေးနှင့်မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်ထားရှိရေး သတိပြုဆောင်ရွက်

'အိမ်ရာများ လုံခြုံရေးနှင့်မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်ထားရှိရေး သတိပြုဆောင်ရွက်

နေပြည်တော်   ဖေဖော်ဝါရီ   ၂၅

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ ညနေ ၅ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပညာသိဒ္ဓိရပ်ကွက်၊မင်္ဂလာသိဒ္ဓိရပ်ကွက်နှင့်ဓနသိဒ္ဓိ ရပ်ကွက်များမှ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများသို့ သွားရောက်၍ ဝန်ထမ်းအိမ်ရာနှင့် အိမ်ရာဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်မှု၊ နှစ်ရှည်ပင်နှင့်ရာသီပေါ် သီးနှံပင်များ စိုက်ပျိုးထားရှိမှု၊ ဝန်ထမ်းအိမ်ရာတိုက်များရှိ ရေနုတ်မြောင်းများ  ရေစီးရေလာကောင်းမွန်မှု ရှိ၊ မရှိအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့အပြင် ဒုတိယဝန်ကြီးသည် တိုက်တာဝန်ခံများ၊ ဝန်ထမ်းမိသားစုများနှင့်တွေ့ဆုံ၍ ကျန်းမာရေး၊ လူမှုရေး၊ နေရေးထိုင်ရေးအခြေအနေများကို မေးမြန်းပြီး အိမ်ရာများ လုံခြုံရေးနှင့် မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်ထားရှိရေးတို့အတွက်  သတိပြုဆောင်ရွက်ထားရှိကြရန်၊ ဝန်ထမ်းအိမ်ရာများ၌ မိသားစုများ စားသုံးနိုင်ရန် တစ်နိုင်တစ်ပိုင်စိုက်ခင်းများ စိုက်ပျိုးထားကြရန်နှင့်စနစ်တကျ နေထိုင်သွားလာကြရန် မှာကြားပြီး တိုက်အလိုက်ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

(သတင်းစဉ်)'

(သတင်းစဉ်)

No comments:

Post a Comment