သာစည် ဖေဖော်ဝါရီ ၂၄
ပူပြင်းခြောက်သွေ့သောနွေရာသီ ရောက်ရှိလာပြီဖြစ်ရာ မီးဘေးအန္တရာယ်
ကင်းဝေးစေရေးနှင့် မီးလောင်မှုဖြစ်ပွားပါက အချိန်မီ မီးငြှိမ်းသတ်နိုင်ရေး
အတွက် ကြိုတင်ပူးပေါင်းသရုပ်ပြလေ့ကျင့်ခြင်းကို ဖေဖော်ဝါရီ ၂၂ ရက်က
မိတ္ထီလာခရိုင် သာစည်မြို့ မြို့မဈေးကြီး၌ ပြုလုပ်ခဲ့သည်။
မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများနှင့် ဈေးသူ ဈေးသားများပူးပေါင်းပြီး မီးလောင်မှုဖြစ်ပွားပါက မီးသတ်ကားများ အလွယ် တကူဝင်ရောက်နိုင်ရေး ပြင်ဆင်လမ်းရှင်းခြင်း၊ မီးသတ်ကားများဖြင့် မီးငြှိမ်း သတ်ခြင်း၊ မီးသတ်ဆေးဘူးများဖြင့် မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြ လေ့ကျင့်ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးလှဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးထွန်းထွန်းဝင်းနှင့် စည်ပင်သာယာရေးကော်မတီ ဝင်များက ကြီးကြပ်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်း(သာစည်)

No comments:
Post a Comment