Sunday, February 1, 2015

ရန်ကုန်အသင်း လေးပွဲဆက်နိုင်ပြီး ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်

Photo: ရန်ကုန်အသင်း လေးပွဲဆက်နိုင်ပြီး ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်

သတင်းနှင့်  ဓာတ်ပုံ ရှိုင်းထက်ဇော်

၂ဝ၁၅ ရာသီ MNL အမှတ်ပေး ဘောလုံးပြိုင်ပွဲ   ပွဲစဉ်(၄) ဒုတိယ နေ့ပွဲစဉ်များကို  ယနေ့ညနေပိုင်းက ဆက်လက်ယှဉ်ပြိုင်ကစားသည်။

(သုဝဏ္ဏကွင်း)
ရန်ကုန်ယူနိုက်တက်-နှစ်ဂိုး (ကျော်ကိုကိုနှင့် ဆီဇာ)
ချင်းယူနိုက်တက်-ဂိုးမရှိ

ရန်ကုန်အသင်းမှာ ချင်းအသင်းကို နှစ်ဂိုးပြတ်အနိုင်ယူကာ လေးပွဲဆက်အနိုင်ဖြင့်   ထိပ်ဆုံး၌ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ ရန်ကုန်အသင်းမှာ ချင်းအသင်းကို အနိုင်ရရှိခဲ့သော်လည်း ပုံစံကောင်းပြသနိုင်ခြင်းမရှိခဲ့ပေ။ချင်းအသင်းကလည်း နိုင်ပွဲပြန်လည်ရရှိရေးအတွက် အားကုန်ထုတ်ကစားခဲ့ရာ ရန်ကုန်အသင်း ခက်ခက်ခဲခဲကစားခဲ့ရသည်။

အသင်းခေါင်းဆောင် ခင်မောင်လွင်မှလွဲ၍ ရန်ကုန်အသင်းလူစုံပါဝင်ခဲ့သော်လည်း ချင်းအသင်းကို အသာမရခဲ့ပေ။ ချင်းနောက်တန်း၏ ပိတ်ဆို့     ကစားမှုကြောင့် ရန်ကုန်အသင်းအခွင့် အရေးအနည်းငယ်ရခဲ့ပြီး ၄၁ မိနစ်တွင် ကျော်ကိုကိုက ဂိုးစတင်သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် ချင်းအသင်းက ချေပဂိုးပြန်လည်ရရှိရေးအတွက် ပြန်တင်လာပြီး ရန်ကုန်အသင်းဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့သည်။ ချင်းအသင်း၏ ဂိုးသွင်းမှုအချို့ကို ရန်ကုန်ဂိုးသမား ကာကွယ်ခဲ့ပြီး ပေးဂိုးမရှိ စံချိန်ကိုဆက်လက်ထိန်းသိမ်း နိုင်ခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်သေချာမည့် ဒုတိယပိုင်းဂိုးကို ၈၆ မိနစ်တွင် ဆီဇာက သွင်းယူပေးခဲ့သည်။

တောင်ကြီးကွင်း
ကမ္ဘောဇ - သုံးဂိုး
(ဖိုလန်၊ ကျော်ဇေယျာဝင်းနှင့် စိုးမင်းဦး)
ရခိုင် - ဂိုးမရှိ

အောင်ဆန်းကွင်း
ဟံသာဝတီ-နှစ်ဂိုး
(ဂျော်ဂျီနှင့် ဒီဂျော်ဂျီ)
နေပြည်တော်-နှစ်ဂိုး
(ဂျူနီယာနှင့် အောင်မြင့်ထွန်း)

ယနေ့ပွဲ
(မုံရွာကွင်း)  ဇေယျာရွှေမြေ-ဧရာဝတီ
(အောင်ဆန်းကွင်း)   ဇွဲကပင်-မကွေး

No comments:

Post a Comment