Friday, February 27, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အများပြည်သူနှင့် သက်ဆိုင်သည့် ကျန်းမာရေးစီမံခန့်ခွဲမှုစနစ်များ လေ့လာ




ဗန်ကောက် ဖေဖော်ဝါရီ ၂၆

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယနေ့နံနက်ပိုင်း ဒေသ စံတော်ချိန် ၉ နာရီခွဲတွင် အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဌာနသို့ ရောက်ရှိကြသည်။

ယင်းနောက် ရှင်းလင်းဆောင်၌ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဌာန ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Dr.Weerawat Phancrut က ထိုင်းနိုင်ငံ၏အလုံးစုံပါဝင်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။

ထို့နောက် ဒုတိယသမ္မတသည် အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု ဌာနမှ တာဝန်ရှိသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ဌာနအတွင်းရှိ Call Center Room၊ Data Center Room တို့ကို လှည့်လည် ကြည့်ရှုလေ့လာသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုဌာန ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်က RATHKAEW AUTHENTIC THAI RESTAURANT ၌ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

နေ့လယ်စာ စားပွဲအပြီးတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက် ခမ်းနှင့် အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုဌာန ဒုတိယအထွေ ထွေအတွင်းရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ သည် ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီး H.E.Prof.Dr.Rajata Rajatanavin နှင့် ကျန်းမာရေးဝန်ကြီ ဌာန ၌ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ သမ္မတနှင့်အတူ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒုတိယ ဝန်ကြီး ဦးတင်ဦးလွင်၊ ဒေါက်တာ ဝင်းမြင့်၊ ဦးထင်အောင်၊ ဒေါက်တာ စိုင်းကျော်အုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာ နှစ်နိုင်ငံကျန်း မာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊ နယ်စပ်ဒေသနေ ပြည်သူများအတွက် ကျန်းမာရေး ဆောင်ရွက်မှုကဏ္ဍများကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် ကူးစက် ရောဂါမပြန့်ပွားရေး စနစ်တကျ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ် လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ထိုင်းနိုင်ငံကျန်းမာရေး ဝန်ကြီး ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့နှင့် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်း၌ ဆက်လက် တွေ့ဆုံပြီး ထိုင်းနိုင်ငံကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက အများပြည်သူနှင့် သက်ဆိုင်သည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် နှင့် ကျန်းမာရေးစီမံခန့်ခွဲမှု၊ အများ ပြည်သူနှင့် သက်ဆိုင်သည့် ကျန်း မာရေးစောင့်ရှောက်မှုကဏ္ဍ၌ ထိုင်း-မြန်မာပူးပေါင်းဆောင်ရွက်မှုနှင့် စပ် လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များက သိရှိလို သည်များကို မေးမြန်းခဲ့ကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ထိုင်း နိုင်ငံကျန်းမာရေးဝန်ကြီးထံ အမှတ် တရ လက်ဆောင်ပစ္စည်းပေးအပ်ပြီး ဧည့်သည်တော်များနှင့်အတူ စုပေါင်း ၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြ သည်။

ညပိုင်းတွင် ဒုတိယသမ္မတသည် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး များ၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့်အတူ ထိုင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီး H.E.Prof.Dr.Rajata Rajatanavin က ဗန်ကောက်မြို့ ရှန်ဂရီလာဟိုတယ်၌ တည်ခင်းဧည့်ခံ သည့် ညစာစားပွဲသို့ တက်ရောက် ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment