အင်းတော် ဖေဖော်ဝါရီ ၂၅
ကသာခရိုင် အင်းတော်မြို့နယ် နဘားကျေးရွာရဲကင်းနှင့် ခုနစ်မိုင်အကွာ တွင်
ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီက ဆီသယ်ယာဉ်ကားတစ်စီး
တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အင်းတော်မြို့နယ် နဘားကျေးရွာရဲကင်းစခန်းမှူး တာဝန် ထမ်းဆောင်နေစဉ် အင်းတော်-ကသာကားလမ်း မိုင်တိုင်အမှတ် ၁၁/၁ တံတားအမှတ် ၁/၁၂ တွင် ယာဉ်တိမ်းမှောက်မှု သတင်းအရ သွားရောက် ကြည့်ရှုစစ်ဆေးရာ ယာဉ်အမှတ် ၁ခ/ ---NISSAN အဖြူရောင်တစ်စီး ဒီဇယ်ဆီပီပါ အလုံး ၆ဝ ဖြင့် တိမ်းမှောက်နေ၍ မေးမြန်းရာ ယာဉ်မောင်း ကျော်မင်းထက် (၃၂နှစ်) မြို့သစ်(၁) စစ်မှုထမ်းဟောင်းရပ်ကွက် မိတ္ထီလာ မြို့နေသူမှာ ကသာမှ ဖားကန့်သို့ ဒီဇယ်ဆီတင်ဆောင်၍ မောင်းနှင်လာစဉ် တံတားကွင်းလမ်းအဆင်းတွင် ဘရိတ်ပေါက်၍ တိမ်းမှောက်လဲသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ငွေအိုး(ကသာ)

No comments:
Post a Comment