Sunday, February 1, 2015

လေယာဉ်များတွင် ခြေရာခံကိရိယာသစ် တပ်ဆင်နိုင်တော့မည်

Photo: လေယာဉ်များတွင် ခြေရာခံကိရိယာသစ် တပ်ဆင်နိုင်တော့မည်

နယူးယောက်  ဇန်နဝါရီ  ၃၁
ပျက်ကျလေယာဉ်များကို ကယ်ဆယ်ရေးအဖွဲ့များ  ရှာဖွေရာတွင် လွယ်ကူစေရန်အတွက်  မိနစ်တိုင်းတွင် အရေးပေါ်အသံလှိုင်းကို  ပို့ပေးနိုင်မည့်  ထုတ်လွှင့်စက်များကို ကမ္ဘာတစ်ဝန်းရှိ    ပုဂ္ဂလိကလေကြောင်း လိုင်းများတွင်  မကြာမီ  တပ်ဆင်နိုင်တော့မည်ဖြစ်ကြောင်း  ပရက်စ်တီဗွီသတင်းတွင် ဖော်ပြထားသည်။ လုပ်ငန်းစဉ်အသစ်များကို    ယခုနှစ်ကုန်ပိုင်းတွင်  လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  နိုင်ငံတကာလေ  ကြောင်းထိန်းသိမ်းရေးအဖွဲ့(အိုင်စီ အေအို)က ပြောခဲ့သည်။

ခြေရာခံကိရိယာ   အသစ်ကိုတပ်ဆင်သော လေယာဉ်များသည် လေကြောင်းလိုင်း ဦးတည်ရာလမ်းကြောင်း   လွဲမှားခြင်းကဲ့သို့သော မမျှော်လင့်သော  အခြေအနေမျိုးဖြစ်ပေါ်ပါက မိနစ်တိုင်းသတင်းပို့မှု ကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။

အဆိုပါစနစ်ကို အသုံးပြုထား သော လေယာဉ်များသည် ပျံသန်း နေသည့်   သာမန်အခြေအနေ     တွင်   ၁၅ မိနစ်ခြားတစ်ခါ   ၄င်းတို့၏  တည်နေရာကို သတင်းပေးပို့မည်   ဖြစ်ပြီး  ကယ်ဆယ်ရေးအဖွဲ့များသည်  ယင်းအသံလှိုင်း၏  ဖော်ပြချက်အရ နောက်ဆုံးသိရသော  အနေအထားဖြင့် ရေမိုင်ခြောက်မိုင်အတွင်း ခြေရာခံနိုင်မည်ဖြစ်သည်။

လက်ရှိအခြေအနေတွင်  လေယာဉ်များကိုရေဒါဖြင့်   ခြေရာခံလိုက်ကြရသည်။ ရေထဲသို့ ပျက်ကျခဲ့သော  လေယာဉ်ကို အလွယ်တကူ ရှာဖွေနိုင်ရန်နှင့်ရေထဲတွင် ပေါ်လောပေါ်နိုင်ပြီး  လေယာဉ်မှ  ကန်ထွက်နိုင်သည့်  လေယာဉ်ပျံသန်းမှု မှတ်တမ်းများကို လေကြောင်းလိုင်းများတွင် တပ်ဆင်ရန်တောင်းဆိုခဲ့ကြသည်။ 

၂ဝ၁၂ ခုနှစ်တွင်ထုတ်လုပ်မည့် လေယာဉ်များကို  ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့၌  ဖေဖော်ဝါရီ ၂ ရက် မှ ၅ ရက်အထိ  ကျင်းပမည့် အိုင်စီအေအိုအဖွဲ့ဝင်နိုင်ငံများ  အစည်းအဝေးတွင် တင်ပြမည်ဖြစ်သည်။

ပဏာမခြေလှမ်းအနေဖြင့် အိုင် စီအေအိုအဖွဲ့ဝင်နိုင်ငံများ၏ တစ်ညီတစ်ညွတ်တည်း ထောက်ခံမှုလိုအပ်ကြောင်း စက်မှုကျွမ်းကျင်ပညာရှင်များက ဆိုခဲ့သည်။

နောက်ဆုံး   အဆိုပြုချက်ကို အတည်ပြုနိုင်ရေးအတွက်  အိုင်စီအေအိုကောင်စီသို့ခြောက်လအတွင်း တင်ပြမည်ဖြစ်သည်။ 

(ပရက်စ်တီဗွီ
 
No comments:

Post a Comment