Friday, January 30, 2015

တိုးပွားလာသည့် လူဦးရေ၊ ပြောင်းလဲလာမည့် လူနေမှုစနစ်တို့အပေါ် ရည်ရွယ်လျက် အနာဂတ်မြို့ပြ Plan အား ရေးဆွဲထားခြင်းဖြစ်







နေပြည်တော် ဇန်နဝါရီ ၂၉ 

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်သူ့လွှတ်တော် အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ယနေ့အစည်းအဝေးတွင် ရေးမဲ ဆန္ဒနယ်မှ ဒေါ်မိမြင့်သန်း၏ ''မြို့နယ် များတွင် ဖွဲ့စည်းပုံအရ လိုအပ်နေ သော ဥပဒေဝန်ထမ်းများအား တရား ရေးမဏ္ဍိုင်ကို ဖြောင့်မတ်မှန်ကန်စွာ ထိန်းကျောင်းနိုင်ရန်အတွက် အပြည့် အဝခန့်ထားပေးရန်အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း'' မေးခွန်းနှင့် စပ် လျဉ်း၍ဒုတိယရှေ့နေချုပ် ဦးထွန်း ထွန်းဦးက ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ဥပဒေအရာရှိအဆင့်-၄ များကို ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်များတွင် ဥပဒေအရာရှိအဆင့် ၄ ဦးရေ (၁ဝဝ)စီ ခန့်ထားဆောင်ရွက်ခဲ့ပါကြောင်း၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်နှင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်များတွင် ဥပဒေအရာရှိအဆင့်-၄ ဦးရေ (၁၅ဝ)စီခန့်ထားဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေးနှစ်ငါးနှစ် အတွင်း ဥပဒေအရာရှိအဆင့်-၄ ဦးရေ(၆ဝဝ)ခန့်ထားပြီး ဖြစ်ပါ ကြောင်း။

ထိုသို့ဥပဒေအရာရှိများ ဖြည့်တင်း ခန့်ထားခဲ့သော်လည်း ဒု-မြို့နယ် ဥပဒေအရာရှိ ဖွဲ့စည်းပုံ ခွင့်ပြု အင်အားတွင် ၂၂၉ ဦး လျော့နည်း နေဆဲဖြစ်ပါကြောင်း၊ ရေးမြို့နယ် ဥပဒေရုံးတွင် မြို့နယ် ဥပဒေအရာရှိ တစ်ဦးတည်းသာ ခန့်ထားနိုင်ခဲ့ပါ ကြောင်း၊ ရေးမြို့နယ်တွင် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်အထိ လက်ကျန် အမှု(၂၇)မှုရှိသဖြင့် မြို့နယ်ဥပဒေ အရာရှိတစ်ဦးအနေဖြင့် အမှုလိုက်ပါ ဆောင်ရွက်ခြင်းလုပ်ငန်းများကို စီမံ ဆောင်ရွက်နိုင်သည့် အခြေအနေ တွင်ရှိပါကြောင်း၊ သို့ရာတွင် ပြည် ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ခန့်ထားခဲ့သည့် ဥပဒေအရာရှိ အဆင့်-၄ ဦးရေ (၁၅ဝ)သည် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က ဗဟို ဝန်ထမ်းတက္ကသိုလ်မှ သင်တန်းဆင်း လာသဖြင့် ဥပဒေအရာရှိ အဆင့်-၄ များကို လစ်လပ်လျက်ရှိသည့် နေရာ များတွင် ဖြည့်တင်းခန့်ထားခဲ့ရာ ရေးမြို့နယ် ဥပဒေရုံးတွင်လည်း ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က ဒုတိယ မြို့နယ်ဥပဒေအရာရှိတစ်ဦး ခန့်ထားဆောင်ရွက်ပြီးဖြစ်ပါကြောင်း။
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ခန့်ထားသည့် ဥပဒေအရာရှိအဆင့်-၄ ဦးရေ (၁၅ဝ) သည် ဗဟိုဝန်ထမ်း တက္ကသိုလ်(ဖောင်ကြီး)တွင် သင်တန်း တက်ရောက်လျက်ရှိသောကြောင့် သင်တန်းပြီးဆုံးချိန်တွင် လစ်လပ် လျက်ရှိသည့် ဥပဒေအရာရှိအဆင့်-၄ ရာထူးများကို ဖြည့်စွက်ခန့်ထား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြင့် ရှင်းလင်းဖြေကြားသည်။

တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဦးအောင်သိန်းလင်း၏ ''၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေအရ လယ်ယာမြေများကို လယ် သမားများလက်သို့ ပြန်လည်လွှဲအပ် ရန်နှင့် လ/န (၃၉)ခွင့်ပြုမိန့် မကျ သေးသော နစ်နာသူလယ်သမားများ အတွက် မည်သို့ဆောင်ရွက်ပေးမည် ကိုသိရှိလိုကြောင်း'' မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် က ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေအာဏာ တည်ဆဲအချိန်ကာလက လယ်ယာမြေ ကို မြို့သစ်စီမံကိန်းမြေအဖြစ် ပြောင်း လဲသတ်မှတ်ရန် နိုင်ငံတော်အစိုးရ၏ ခွင့်ပြုလမ်းညွှန်ချက်အရ ဆောင်ရွက် ခဲ့ခြင်းသည် အခွင့်အမိန့်အရ ဆောင် ရွက်ခြင်းသာဖြစ်ပါကြောင်း၊ ထိုအချိန် ကာလက မူလလက်ငုတ် လယ်သမား များသည် လယ်ယာမြေစိုက်ပျိုးလုပ် ကိုင်ခွင့်ကိုသာ ရရှိခဲ့ကြခြင်းဖြစ်ပြီး လယ်ယာမြေ ပိုင်ဆိုင်ခွင့်မရှိခြင်း၊ ရန်ကုန်မြို့၏ တိုးပွားလာသည့် လူဦးရေ၊ ပြောင်းလဲလာမည့် လူနေမှု စနစ်တို့အပေါ် ရည်ရွယ်လျက် အနာ ဂတ်မြို့ပြ Plan အား ရေးဆွဲထား ခြင်းဖြစ်ပါသဖြင့် ပြန်လည်လွှဲအပ်ရန် အစီအစဉ်မရှိပါကြောင်း။

လ/န (၃၉)ခွင့်ပြုမိန့် မကျသေး သောမြေပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ပြီးစီးပါက နစ်နာသူ လက်ငုတ်လယ်သမားများကို စီမံကိန်း ဆောင်ရွက်ထားရှိသည့် အခြေအနေ ပေါ်မူတည်ပြီး ထိုက်သင့်မျှတသော အကျိုးခံစားခွင့်တစ်ရပ်ရရှိအောင် ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိပါ ကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။

လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးစောသိန်း အောင်က '' ယနေ့လက်ရှိ အခြေအနေ တွင် ဒေသန္တရ ရပ်ကွက်၊ ကျေးလက် များ၌ တစ်နေ့တခြား ပိုမိုဆိုးရွား လာသည့် မူးယစ်ဆေးဝါးသုံးစွဲမှုကို အပြီးသတ်တားဆီးနိုင်ရေးအတွက် တာဝန်ရှိ ပြည်ထောင်စုမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ကို ကူညီ ပံ့ပိုးပေးနိုင်မည့် ဒေသန္တရရပ်ကွက်၊ ကျေးလက် မူးယစ်ဆေးဝါးသုံးစွဲမှု ကာကွယ်တားဆီးရေးအဖွဲ့ကို နိုင်ငံ တော်မှ ဦးဆောင်ဖွဲ့စည်းပေး၍ တာဝန်ပေးသင့်ကြောင်း ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း''အဆို ကိုတင်သွင်းရာ ဖားအံမဲဆန္ဒနယ်မှ ဒေါ်နန်းစေဟွာ ထောက်ခံဆွေး နွေးသည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံ မြင့်က မူးယစ်ဆေးဝါးအန္တရာယ်တား ဆီးကာကွယ်ရေး လုပ်ငန်းများကို ပြည်သူတစ်ဦးတစ်ယောက်ချင်းအနေ ဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန် ၁၉၉၅ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေ ၂ဝ အရ ''မည်သူမဆို အများပြည်သူတို့ ဝင်ထွက်သွားလာ နိုင်သည့်နေရာတွင် မိမိ၏ ရှေ့မှောက် ၌ ပြစ်မှုကျူးလွန်နေသည်ကို တွေ့ရှိ သည့်အခါ ရှာဖွေအမိန့်မပါဘဲ ထိုပြစ်မှုကျူးလွန်သူအား ဖမ်းဆီးခြင်း၊ သက်သေခံပစ္စည်း သိမ်းဆည်းခြင်းပြု နိုင်သည်။ ထိုသို့ဖမ်းဆီးပြီးနောက် နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင် တစ်ဦးဦးထံသို့ စနစ် တကျလွှဲအပ်ရမည်။ ရဲတပ်ဖွဲ့ဝင် မရှိ လျင် ထိုသူအား သက်သေခံပစ္စည်း များနှင့်တကွ အနီးဆုံးရဲတပ်ဖွဲ့စခန်းသို့ စနစ်တကျချက်ချင်းလွှဲအပ်ရမည်'' ဟု ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း။

သို့ဖြစ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ပါဝင်ဆောင်ရွက်နိုင်ရန် ဥပဒေ ပြဋ္ဌာန်းထားပြီးဖြစ်ခြင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများနှင့် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီအဖွဲ့ဝင် များကို ပေါင်းစပ်ဆောင်ရွက်ရန် တာဝန်ပေးအပ်ပြီးဖြစ်ခြင်းနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ် သောကြောင့် ဒေသန္တရရပ်ကွက်၊ ကျေးရွာ မူးယစ်ဆေးဝါး ကာကွယ် တားဆီးရေးအဖွဲ့များကို ဖွဲ့စည်း တာဝန်ပေးအပ်ရန် မလိုအပ်ပါကြောင်း ဖြင့် ရှင်းလင်းဖြေကြားသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ စက် ခလုတ်နှိပ်၍ ဆန္ဒမဲပေးသည့်စနစ်ကို အသုံးပြုပြီး အဆုံးအဖြတ်ရယူဆောင် ရွက်ရာ ထောက်ခံဆန္ဒမဲများသည့် အတွက် လွှတ်တော်ကအတည်ပြု ကြောင်း ဆုံးဖြတ်သည်။

ဝက်လက်မဲဆန္ဒနယ်မှ သူရဦးအေး မြင့်က '' နိုင်ငံနှင့်အဝှမ်းတွင် လူငယ် ထုအတွင်း ကျယ်ပြန့်စွာအသုံးပြုလာ နေသော မူးယစ်ထုံထိုင်းဘေးဖြစ်စေ တတ်သည့် ဆေးဝါးများကြောင့် ဖြစ် ပွားလာနိုင်သည့်အန္တရာယ်မှ ကာကွယ် နိုင်ရန်နှင့် မူးယစ်ဆေးသုံးစွဲမှု၊ ရောင်း ဝယ်ဖောက်ကားမှုများကို နှိမ်နင်း နိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီး ဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ တရားစီရင်ရေးအဖွဲ့အစည်း များ၊ မီးသတ်၊ ကြက်ခြေနီနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းပါဝင်သည့် လူထုလှုပ်ရှားမှုအသွင်ဖြင့် ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နိုင်ရန် အချိန် ကာလသတ်မှတ်ပြီး အထူးစီမံချက် ချမှတ်ကာ စီမံဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်း ကြောင်း'' အဆိုတင်သွင်းရာ လွှတ် တော်ကိုယ်စားလှယ်များက ထောက်ခံ ဆွေးနွေးကြသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တား ဆီးကာကွယ်ရေးဗဟိုအဖွဲ့အနေဖြင့် ၂ဝ၁၄-၂ဝ၁၅ မှ ၂ဝ၁၈-၂ဝ၁၉ အထိ မူးယစ်ဆေးဝါးပပျောက်ရေး စတုတ္ထ (၅)နှစ်စီမံကိန်းတွင် ထုတ်လုပ်မှု ပပျောက်ရေး၊ သုံးစွဲမှုပပျောက်ရေး၊ တားဆီးနှိမ်နင်းရေး၊ ပြည်သူလူထုနှင့် အခြားအဖွဲ့အစည်းများ ပူးပေါင်း ပါဝင်ရေးနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး စသည့်လုပ်ငန်းစဉ် (၅)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီး ဌာနနှင့် လုပ်ငန်းအဖွဲ့များမှ အသေး စိတ်စီမံချက်များ ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ပြင် တားဆီး နှိမ်နင်းရေးစီမံချက်များဖြင့် ဒေသ အလိုက် အထူးစစ်ဆင်ရေးများ ဆောင် ရွက်ခြင်းနှင့် မူးယစ်ဆေးဝါးပပျောက် ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်ရှေ့လုပ်ငန်းစဉ် (၇) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိသဖြင့် ယင်းအဆိုအား မှတ်တမ်းတင်သင့်ပါ ကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ စက် ခလုတ်နှိပ်၍ ဆန္ဒမဲပေးသည့်စနစ်ကို အသုံးပြုပြီး အဆုံးအဖြတ်ရယူ ဆောင်ရွက်ရာ ထောက်ခံဆန္ဒမဲများ သည့်အတွက် လွှတ်တော်ကအတည် ပြုကြောင်း ဆုံးဖြတ်သည်။

(သတင်းစဉ်)

No comments:

Post a Comment