Friday, January 30, 2015

လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းအား ပြန်လည်ကြားနာဆောင်ရွက်ရန်ဆုံးဖြတ်





နေပြည်တော် ဇန်နဝါရီ ၂၉ 

ပထမအကြိမ် အမျိုးသားလွှတ် တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်း အဝေး နဝမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသားလွှတ် တော် အစည်းအဝေးခန်းမ၌ ကျင်းပ ရာ မေးခွန်း (၃) ခုမေးမြန်းဖြေကြား ခြင်းနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိ ခြင်းဆိုင်ရာ ကျန်းမာရေးစောင့် ရှောက်မှု ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၁)မှ ဦးအောင်ချိုဦး၏ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဆေးရုံကြီး များတွင် ဆေးရုံတက်လူနာများအသုံး ပြုနေသည့် အောက်ဆီဂျင်အိုးများ လုံလောက်စွာ ဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် က ဘဏ္ဍာရေးဝန်ကြီးဌာနမှ ငွေလုံး ငွေရင်းအသုံးစရိတ်အဖြစ် ခွင့်ပြု ချက်ရရှိပြီးပါက ပြည်သူ့ဆေးရုံကြီး များတွင် Oxygen plant ထားရှိမည့် အဆောက်အအုံများ အမြန်ဆုံးဆောက် လုပ်၍ Oxygen plant စက်များ တပ်ဆင်အသုံးပြုသွားမည် ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားသည်။

လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရခိုင် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဦးခင်မောင်လတ်က လူဦးရေ တိုးပွား နှုန်းသည် လူဦးရေပေါ်လစီနှင့် ကိုက် ညီရပါကြောင်း၊ မိမိတို့နိုင်ငံ၏ အခြေ အနေနှင့် ကိုက်ညီသည့် ပေါ်လစီများ ချမှတ်ရန်လိုအပ်ပါကြောင်း၊ မိမိတို့ နိုင်ငံသည် လူဦးရေ ပေါက်ကွဲသည့် နိုင်ငံကြီးများအကြားတည်ရှိနေသည့် အတွက် လူဦးရေတိုးပွားနှုန်းထိန်းညှိ ခြင်းအစား လူဦးရေတိုးပွားနှုန်းထိန်းချုပ်ခြင်းအဆင့်ထိ ဥပဒေပြဋ္ဌာန်းရန် လိုအပ်ပါကြောင်းဖြင့် ဆွေးနွေးသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာဗညားအောင်မိုးက လူဦး ရေ တိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ ကြမ်း ပုဒ်မ-၂၊ပုဒ်မ-၃၊ ပုဒ်မ ၆၊ ပုဒ်မ - ၁၂ (င)တို့အား ပြင်ဆင်ဖြည့်စွက်လိုပါကြောင်းဖြင့် ဆွေးနွေးသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ဦးဇုန်လှယ်ထန်းက လူဦး ရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ အား လောလောဆယ်ပြဋ္ဌာန်းရန် မသင့်တော်သေးကြောင်း အကြံပြု ဆွေးနွေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါက်တာမြင့်နိုင်က လူဦးရေ တိုးပွားနှုန်းထိန်းညှိခြင်း ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေအား လုံလောက်သောအချိန်ရ ယူပြီး အဘက်ဘက်မှ သေချာစွာ လေ့လာသုံးသပ်ပြီးမှသာ ပြဋ္ဌာန်းသင့်၊ မပြဋ္ဌာန်းသင့်ကို ဆုံးဖြတ်သင့်ပါ ကြောင်း ဆွေးနွေးသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးရဲဝင့်စိုးက လူဦးရေတိုး ပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာ ရေးစောင့်ရှောက်မှုဥပဒေအရ ဆောင် ရွက်မည့် ကျန်းမာရေးစောင့်ရှောက် ပေးသူများနှင့် ¤င်းတို့၏ လုပ်ငန်း စဉ်များအား တားဆီးခြင်း၊ နှောင့် ယှက်ခြင်း၊ လိုက်ပါပူးပေါင်းဆောင် ရွက်လိုခြင်းမရှိသူများ ပေါ်ပေါက်လာပါက စည်းနှောင်မည့် ပုဒ်မများ မပါရှိ ကြောင်း တွေ့ရှိရသည့်အတွက် ပြစ်မှု၊ ပြစ်ဒဏ် သတ်မှတ်ချက်များ လိုအပ် ပါက ထည့်သွင်းရန် သင့်၊ မသင့် စဉ်း စားသင့်ပါကြောင်းဖြင့် ဆွေးနွေးသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးဂျေယောဝူက လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ ကြမ်းအား ကန့်ကွက်ဆွေးနွေးပြီး ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၁)မှ ဒေါ်ခင်ဝိုင်းကြည်က ထောက်ခံ ဆွေးနွေးကြရာ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုး သားလွှတ်တော်ဥပဒေကြမ်း ကော် မတီတွင် ပြန်လည်ကြားနာဆောင် ရွက်ရန် ဆုံးဖြတ်ခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment