Friday, January 2, 2015

သာမညတောင်ဆရာတော်ကြီး၏ သာသနိကအဆောက်အအုံများ ရေရှည်တည်တံ့နိုင်ရေး ပြန်လည်ပြုပြင်ထိန်းသိမ်းလျက်ရှိ

Photo: သာမညတောင်ဆရာတော်ကြီး၏ သာသနိကအဆောက်အအုံများ
ရေရှည်တည်တံ့နိုင်ရေး ပြန်လည်ပြုပြင်ထိန်းသိမ်းလျက်ရှိ
=========================================

ဘားအံ ဇန်နဝါရီ ၁

ကရင်ပြည်နယ် ဘားအံမြို့နယ် သာမညကျေးရွာ သာမညတောင်ပေါ်တွင် သာမညဆရာတော်ကြီး အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ တည်ဆောက်ပေးခဲ့သည့် သာသနိကအဆောက်အအုံများ တောင်ပေါ်ပတ်လည် မြေသားနံရံများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း များကို သာမညတောင် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တခေမိက (ပြည်လုံးချမ်းသာကျောင်း)က ဒီဇင် ဘာလ နောက်ဆုံးပတ်မှစတင်ကာ ဦးဆောင်ပြုပြင်လျက်ရှိကြောင်း သိရ သည်။
''ဆရာတော်က တခြားလုပ်ငန်းတွေ ကို ခေတ္တရပ်ဆိုင်းပြီး လက်ရှိဆွမ်း ချက်ရုံ အောက်ခြေမြေသားနံရံတွေ မိုးရေတိုက်စားထားလို့ အန္တရာယ် မဖြစ်ခင် အမြန်ဆုံးပြုပြင်မယ်ဆိုပြီး ပြုပြင်နေကြတာပါ။ ဒီဆွမ်းချက်ရုံကြီးက ကျေးဇူးရှင် ဆရာတော်ကြီး ရှိစဉ် ကတည်းက ဘုရားဖူးလာ သံဃာတွေ၊ ပြည်တွင်းပြည်ပ၊ ရပ်နီးရပ်ဝေး ဧည့်သည်တွေကို ချက်ပြုတ်ကျွေးမွေး နိုင်အောင် တည်ဆောက်ပေးခဲ့တာ နှစ်ပေါင်း ၃ဝ ကျော်ရှိပြီး ရာသီ ဥတုဒဏ် မိုးရေတိုက်စားတဲ့ဒဏ်တွေ ကြောင့် ပြန်လည်ပြုပြင်ရတော့မယ် လေ၊ ရေရှည်တည်တံ့နိုင်အောင် အကောင်းဆုံးပြုပြင်သွားကြမှာပါ'' ဟု လက်ရှိဆောင်ရွက်နေသည့် အခြေအနေများကို ရပ်မိရပ်ဖတစ်ဦး ဖြစ်သည့် ပအို့ဝ်တိုင်းရင်းသား ဦးခင်မောင်က ပြောသည်။
ယခုပြုပြင်လျက်ရှိသည့် မြေသား နံရံထိန်းကွန်ကရစ်လောင်း ကျောက်စီခြင်း လုပ်ငန်းအတွက် သဲကျင်း(၁ဝဝ) ကျော်၊ ကျောက် ကျင်း(၂ဝဝ)ကျော်၊ ဘိလပ်မြေအိတ် (၅ဝဝ/၆ဝဝ)ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ သာမညကျေးရွာရှိ ဒေသခံတိုင်းရင်းသားများက နေ့စဉ် ကုသိုလ်ပြုလုပ်အားဒါနများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
သာမညတောင်ဆရာတော် ကြီးရှိစဉ်က ဘုရားဖူးဧည့်သည်များ အဆင်ပြေစိတ်ချမ်းမြေ့စွာ တည်းခိုနိုင်ရေးအတွက် အမြဲဆုံးမ မိန့်မှာကြားချက်အရ ယခုအခါ တောင်ပေါ်၊ တောင်အောက်ရှိ သာသနိက အဆောက်အအုံများ၊ စားသောက်ရေးအတွက် ဆွမ်းစားဆောင်တို့ကို ပြန်လည်ပြုပြင်ဆောင် ရွက်ထားရှိပြီးဖြစ်ကာ ဆွမ်းစားဆောင် တွင် နေ့စဉ် အာဟာရဒါန ထမင်း၊ ဟင်းများကို သက်သတ်လွတ်ဟင်းဖြင့် ကျွေးမွေးပေးလျက်ရှိကြောင်း သိရ သည်။

ထွန်းထွန်းထွေး(ဘားအံ)

No comments:

Post a Comment