Thursday, January 1, 2015

ရန်ကုန်မြို့ရှိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားဆောင်ရွက်မည့်သူများအား ဆွေးနွေး

Photo: ရန်ကုန်မြို့ရှိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားဆောင်ရွက်မည့်သူများအား ဆွေးနွေး

နေပြည်တော် ဒီဇင်ဘာ ၃၁

လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့ အင်အားဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီသည် တာဝန်ရှိသူများ နှင့်အတူ ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ် (၃၇) လမ်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန   နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ဌာနစိတ် ရုံးသို့ရောက်ရှိပြီး နိုင်ငံခြားသား အမြဲ နေထိုင်ခွင့်လျှောက်လွှာများ   စတင် လက်ခံဆောင်ရွက်နေမှု အခြေအနေ များကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက် လွှာ လာရောက်ထုတ်ယူကြသူများ၊ လျှောက်ထားရန်  လာရောက်စုံစမ်း လေ့လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ လုပ်ငန်းဆိုင်ရာ အခက် အခဲများ၊ လုပ်ငန်းလိုအပ်ချက်များကို မေးမြန်းဆွေးနွေးပြီးနောက် Server  ခန်းအတွင်း လုပ်ငန်းဆိုင်ရာဆက်စပ် ပစ္စည်းများ  တပ်ဆင်ထားရှိမှုနှင့် ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ     တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များညှိနှိုင်းဆောင် ရွက်ပေးသည်။

မြန်မာနိုင်ငံတွင်   နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် (Permanent Residence System) ကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် စတင်၍ ပညာပေးကာလအဖြစ် သတ်မှတ်ခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်တွင် လျှောက်ထား လိုသူများအတွက်  လျှောက်လွှာများ ထုတ်ပေး/လက်ခံမှု စတင်ဆောင်ရွက် ခဲ့ရာ စတင်ဆောင်ရွက်သည့်နေ့မှာပင် လျှောက်လွှာတောင်းခံသူများ၊  လာ ရောက်စုံစမ်းမေးမြန်းသူများ အများ အပြားရှိခဲ့ကြောင်းသိရသည်။   နိုင်ငံ ခြားသား  အမြဲနေထိုင်ခွင့်စနစ်ကို သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များ တွင် အရည်အချင်းပြည့်မီသူ ပညာ ရှင်များနှင့် ကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံတွင်  လာရောက်ရင်းနှီး မြှုပ်နှံလုပ်ကိုင်လိုသည့်  စီးပွားရေး လုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင် နှင့် ရင်းနှီးမြှုပ်နှံနိုင်သူမဟုတ်သော်လည်း နိုင်ငံကို အထောက်အကူပြုမည့် မြန်မာနိုင်ငံသားဟောင်းများ၊ မြန်မာ နိုင်ငံသားနှင့် သွေးဆက်စပ်နေသည့် နိုင်ငံခြားသားများ လျှောက်ထားနိုင်ပြီး အမြဲနေထိုင်ခွင့်လက်မှတ်ရရှိသူသည် အမြဲနေထိုင်ခွင့်   သက်တမ်းအဖြစ် ကနဦး    ငါးနှစ်ရရှိမည်ဖြစ်သည်။ ကနဦး ငါးနှစ်ပြည့်ပြီးပါက  ထပ်မံ၍ တစ်ကြိမ်လျှင်  ငါးနှစ်သက်တမ်းတိုး လျှောက်ထားနိုင်သည်။ ကနဦးနေထိုင် ခွင့်လျှောက်ထားခြင်းအတွက်  ပြန် လည်ထုတ်ယူ၍မရသည့် အမေရိကန် ဒေါ်လာ ၅ဝဝ ဖြင့် လျှောက်ထားရ မည်ဖြစ်ပြီး အမြဲနေထိုင်ခွင့်ပြုချက် ရရှိပါက နိုင်ငံခြားသားတစ်ဦးအတွက် တစ်နှစ်လျှင်   အမေရိကန်ဒေါ်လာ ၁ဝဝဝ၊ မြန်မာနိုင်ငံသားဟောင်းတစ်ဦး အတွက် တစ်နှစ်လျှင်  အမေရိကန် ဒေါ်လာ ၅ဝဝ၊ ခွင့်ပြုသည့် ပုဂ္ဂိုလ်နှင့် အတူ တစ်ပါတည်း အမြဲနေထိုင်ခွင့် လျှောက်ထားသည့်အသက် ခုနစ်နှစ် အထက်မှ (၁၈) နှစ်အထိ တရားဝင် သားသမီးတစ်ဦးစီအတွက် တစ်နှစ် လျှင် အမေရိကန်ဒေါ်လာ ၃ဝဝ ပေး သွင်းရမည်ဖြစ်ပြီး အသက်ခုနစ်နှစ် နှင့်အောက် အခမဲ့ဖြစ်ကြောင်း သိရ သည်။ စတင်ဆောင်ရွက်သည့် ဒီဇင် ဘာ ၂၉ ရက်က နိုင်ငံခြားသား အမြဲ နေထိုင်ခွင့်လျှောက်လွှာတောင်းခံရာ ၌ လုပ်ငန်းကျွမ်းကျင်ပညာရှင်အတွက် လျှောက်လွှာ ခုနစ်စောင်၊ စီးပွားရေး ရင်းနှီးမြှုပ်နှံလိုသူအတွက်လျှောက်လွှာ ခြောက်စောင်၊ မြန်မာနိုင်ငံသားဟောင်း များအတွက် လျှောက်လွှာ ၄၅ စောင်၊  မြန်မာနိုင်ငံသားနှင့်   သွေးဆက်စပ် သူ နိုင်ငံခြားသားအတွက် လျှောက်လွှာ ၁၄ စောင် စုစုပေါင်း လျှောက်လွှာ  ၇၂ စောင် လျှောက်လွှာထုတ်ပေးခဲ့ ကြောင်း သိရှိရပြီး လျှောက်လွှာလာ ရောက်တောင်းခံသူများနှင့် လုပ်ငန်း ဆိုင်ရာ လေ့လာစုံစမ်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်  အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်  ဦးမောင်မောင်သန်းနှင့်   တာဝန်ရှိသူများ၊   ဝန်ထမ်းများက အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ ကြောင်းနှင့် နိုင်ငံခြားသားအမြဲနေထိုင် ခွင့်စနစ်Website ဖြစ် သည့် www.mip.gov.mm  တွင် လည်း လုပ်ငန်းဆိုင်ရာအချက်အလက် များ အား  အသေးစိတ်ဖော်ပြထားကြောင်း သတင်းရရှိသည်။ 

         (ကြေးမုံ)

No comments:

Post a Comment