Thursday, January 1, 2015

နိုင်ငံ့ဂုဏ်ဆောင်ယူ-၁၉ ဘောလုံးအသင်းအား မြန်မာအားကစားမီဒီယာများက ဂုဏ်ပြုပွဲပြုလုပ်

Photo: နိုင်ငံ့ဂုဏ်ဆောင်ယူ-၁၉ ဘောလုံးအသင်းအား မြန်မာအားကစားမီဒီယာများက ဂုဏ်ပြုပွဲပြုလုပ်

ရန်ကုန်     ဒီဇင်ဘာ     ၃၁

ကမ္ဘာ့ဖလားဝင်ခွင့်ရ နိုင်ငံ့ဂုဏ်ဆောင် ယူ-၁၉ ဘောလုံးအသင်းအား မြန်မာအားကစားမီဒီယာများက ဂုဏ်ပြုပွဲအခမ်းအနားကို ဒီဇင်ဘာ ၃ဝ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ အပြည်ပြည်ဆိုင်ရာစီးပွားရေးစင်တာ၌  ကျင်းပခဲ့ သည်။
အခမ်းအနားတွင် ကျန်းမာရေး အခြေအနေအရတက်ရောက်နိုင်ခြင်း မရှိသည့် ဝါရင့်အားကစားကလောင်ရှင် ခင်မောင်ထွေး(ပျဉ်းမနား)၏ နှုတ်ခွန်းဆက်ဂုဏ်ပြုစကားကို ဗီဒီယိုမှတစ်ဆင့် ပြောကြားခဲ့သည်။ ယင်းနောက် အားကစားကလောင်ရှင်ဆရာစိန်မျိုးမြင့်က ဂုဏ်ပြုစကားပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်က မြန်မာပြည်သူများ၏ ဝမ်းသာမှုကို မြင်ရသည့်အတွက် အတိုင်းမသိကျေနပ်ဝမ်းမြောက်ကြောင်းနှင့် ဆက်လက်ကြိုးစားစေချင်ကြောင်း ဝမ်းသာစကားပြောကြားခဲ့သည်။ 
ယင်းနောက် ယူ-၁၉  ဘောလုံးသမားများကို တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်များ  ချီးမြှင့်ခဲ့ပြီး မြန်မာအားကစားမီဒီယာများက ချီးမြှင့်သည့်ဂုဏ်ပြုငွေဖလားကြီး ကိုလည်း ချီးမြှင့်ပေးခဲ့သည်။  ဂုဏ်ပြုအခမ်းအနားနှင့်ပတ်သက်၍ ယူ-၁၉ အသင်းက ပြန်လည်ကျေးဇူးတင်စကားပြောကြားခဲ့သည်။ မြန်မာယူ-၁၉ အသင်း သည် ၂ဝ၁၅ ခုနှစ်တွင်ကျင်းပမည့်အသက် (၂ဝ)အောက် ယူ-၂ဝ ကမ္ဘာ့ပြိုင်ပွဲ ကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် ခြေစစ်ပွဲအောင်အသင်း ဖြစ်သည်။

(ဝဝ၁)

No comments:

Post a Comment