Saturday, January 31, 2015

ဒွေးကိုကိုချစ်၏ အနိုင်ဂိုးဖြင့် လက်ရှိချန်ပီယံ ရတနာပုံနိုင်ပွဲရ

Photo: ဒွေးကိုကိုချစ်၏  အနိုင်ဂိုးဖြင့် လက်ရှိချန်ပီယံ ရတနာပုံနိုင်ပွဲရ
=====================================

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်

ရန်ကုန် ဇန်နဝါရီ ၃ဝ

၂ဝ၁၅ ရာသီ MNL  အမှတ်ပေး ပြိုင်ပွဲ  ပွဲစဉ်(၄)ပထမနေ့ကို ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပ ရာ လက်ရှိချန်ပီယံ ရတနာပုံအသင်း က မနောမြေအသင်းကို   နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ရတနာပုံ - နှစ်ဂိုး

(မက်ဆီမင်နှင့်ဒွေးကိုကိုချစ်)

မနောမြေ - တစ်ဂိုး

(အီဗရာဟင်မ်)

ရှုံးပွဲဆက်နေသည့်   မနောမြေ အသင်း၏ ရုန်းကန်မှုကြောင့် လက်ရှိ ချန်ပီယံရတနာပုံအသင်း ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ဒွေးကိုကိုချစ်၏ ဒုတိယ ပိုင်း သွင်းဂိုးကြောင့်သာ အမှတ်ပြည့် ရခဲ့ခြင်းဖြစ်သည်။ ရတနာပုံအသင်း သည် ယခုရာသီတွင် ပုံစံကောင်းရရန် ရုန်းကန်နေရသော်လည်း အဖွင့်ပွဲတွင် မကွေးနှင့်သရေကျပြီးနောက်ပိုင်း သုံး ပွဲဆက် အနိုင်ရခဲ့ခြင်းလည်းဖြစ်သည်။

ပွဲစကတည်းက  ရတနာပုံတို့ ဂိုး ရရှိရန်  တိုက်စစ်ဖွင့်ကစားခဲ့သည်။ ရတနာပုံအသင်း    ခြေအသာဖြင့်  ဖိကစားနိုင်ခဲ့သော်လည်း  ၂၉ မိနစ် ရောက်မှ ဂိုးစရခဲ့ပြီး ကွင်းလယ်လူ မက်ဆီမင်က    သွင်းယူခဲ့ခြင်း ဖြစ်သည်။  ဂိုးရပြီးနောက်ပိုင်းတွင်   ရတနာပုံ    ကစားပုံပျက်သွား၍     မနောမြေ     ဖိကစားလာနိုင်ပြီး    ၄၁  မိနစ်တွင်      အီဗရာဟင်မ်က  ချေပဂိုး ပြန်သွင်းခဲ့သည်။ ရတနာပုံအသင်းမှာ အနိုင်ဂိုးရရှိရေးအတွက် ဒုတိယပိုင်း၌ ကစားသမားအပြောင်းအလဲပြုလုပ်ကာ   တိုက်စစ်အားမြှင့်ခဲ့ သည်။ မနောမြေအသင်းမှာလည်း သရေတစ်မှတ်ရရှိရေးအတွက် ကြိုးပမ်းခဲ့ပြီး ရတနာပုံတိုက်စစ်ကိုထိန်းချုပ်ခဲ့သည်။
 
ရတနာပုံအတွက် အနိုင်ဂိုးကို ၇၃ မိနစ်တွင် လူစားဝင် တိုက်စစ်မှူး ဒွေးကိုကိုချစ်က သွင်းယူပေးခဲ့သည်။
ယနေ့ပွဲ

 သုဝဏ္ဏကွင်း ချင်း-ရန်ကုန်
 အောင်ဆန်းကွင်း ဟံသာဝတီ-နေပြည်တော်
 တောင်ကြီးကွင်း ကမ္ဘောဇ-ရခိုင်
 
No comments:

Post a Comment