Friday, January 30, 2015

အာဖရိကသမဂ္ဂအစည်းအဝေးတွင် ဘိုကိုဟာရမ်ချေမှုန်းရေး ဆွေးနွေးမည်






အဒစ္စအဘာဘာ ဇန်နဝါရီ ၂၉

ဇန်နဝါရီ ၃ဝရက်တွင် ကျင်းပမည့် အာဖရိကသမဂ္ဂခေါင်းဆောင်များ အစည်းအဝေးတွင် ဘိုကိုဟာရမ် စစ်သွေးကြွများကို တိုက်ခိုက်ချေမှုန်း ရန် အဓိကထား ဆွေးနွေးကြမည်ဖြစ်ကြောင်း အာဖရိကသမဂ္ဂ ဥက္ကဋ္ဌ နာကိုဆာဇာနာ ဒယ်လ်မီနီဇူးမား က ပြောသည်။

''ဘိုကိုဟာရမ်တွေရဲ့အကြမ်းဖက်လုပ်ရပ်တွေဟာ ကျွန်မအဖို့ တုန်လှုပ် ခြောက်ခြားစေပါတယ်'' ၄င်းက ဆက်လက်ပြောသည်။ 

ဘိုကိုဟာရမ်များ၏ လုပ်ရပ်များကို ကုလသမဂ္ဂအဖွဲ့များ၏ အကူအညီယူ ပြီး တိုက်ခိုက်ချေမှုန်းရန် အဖွဲ့ဝင် များကို အာဖရိကသမဂ္ဂဥက္ကဋ္ဌက တိုက်တွန်း ပြောကြားသော်လည်း နိုင်ဂျီးရီးယား အကြီးအကဲတစ်ဦးက ပြင်ပအကူအညီယူရန် မလိုအပ် ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

စစ်သွေးကြွများကို ချေမှုန်းရန် နိုင်ဂျီးရီးယားနှင့်အိမ်နီးချင်းနိုင်ငံများ ၏ လက်နက်ကိုင် တပ်ဖွဲ့များဖြင့်သာ လုံလောက်မှုရှိကြောင်းနှင့် အခြားပြင်ပ အကူအညီ မလိုအပ်ကြောင်း အမျိုး သားလုံခြုံရေးအကြံပေး ဆန်ဘို ဒါဆူကီကဆိုသည်။ နိုင်ဂျီးရီးယား သည် ချဒ်နိုင်ငံအပါအဝင် အိမ်နီး ချင်းများ၏ တိုက်ခိုက်ရေးအကူအညီ ပေးမှုကို ကြိုဆိုပါကြောင်းဖြင့် ၄င်းက ဆက်လက်ပြောသည်။

ဘိုကိုဟာရမ်များ၏အကြမ်းဖက် မှုများသည် အာဖရိကသမဂ္ဂနှင့် နိုင်ငံ တကာ အဖွဲ့အစည်းများအပါအဝင် နိုင်ဂျီးရီးယားနိုင်ငံအုပ်ချုပ်ရေးအဖွဲ့ များကို အလွန်အမင်း ခြိမ်းခြောက်နေ သည်။ နိုင်ဂျီးရီးယားအရှေ့မြောက်ဘက်ရှိပြည်သူထောင်ပေါင်းများစွာကို ကာကွယ်ရန်လိုအပ်ကြောင်း နိုင်ငံ တကာလွတ်ငြိမ်းချမ်းသာခွင့် အာဖရိက ဒေသဆိုင်ရာ ဒါရိုက်တာ နက်ဆာနက် ဘီလေးက ပြောသည်။ 

ယူပီအိုင်။

No comments:

Post a Comment