Friday, January 2, 2015

မြောင်-မရိုးကုန်း ကိုယ့်အားကိုယ်ကိုး သဲချောင်းရိုးပေါင်းကူးသံကူကွန်ကရစ်တံတား ပန္နက်တင်

Photo: မြောင်-မရိုးကုန်း ကိုယ့်အားကိုယ်ကိုး 
သဲချောင်းရိုးပေါင်းကူးသံကူကွန်ကရစ်တံတား ပန္နက်တင်

မြောင် ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့မအုပ်စု မရိုးကုန်းကျေးရွာ၌  မြောင်မြို့နှင့်မရိုးကုန်းကျေးရွာကြား သဲချောင်း ရိုးပေါင်းကူးသံကူကွန်ကရစ် တည်ဆောက်ခြင်း ပန္နက်တင် အခမ်းအနားကို ဇန်နဝါရီ ၁ ရက် နံနက် ၇ နာရီ မိနစ် ၂ဝ က ပြုလုပ်သည်။

အဆိုပါ သဲချောင်းရိုးကူးတံတား အရှည်မှာ အလျား  ပေ ၁ဝဝ၊ အနံ ၁ဝ ပေ၊ အမြင့် ၁ဝ ပေဖြစ်၍ ချဉ်းကပ်လမ်းမှာ တစ်ဖက် ပေ ၃ဝဝ  ရှိပြီး စုစုပေါင်းကုန်ကျငွေသိန်း ၄၅ဝ ခန့်ဖြစ်ကြောင်း သိရှိရသည်။ တံတား ပြီးစီးပါက မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်ရှိ မြို့နယ်/ကျေးရွာများနှင့်အတူ မြောင်မြို့နယ်မှ ရေလမ်းခရီးသွားများ မြောင်မြို့သို့ အဆင်ပြေ လွယ်ကူစွာ သွားရောက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
 
တင်ကိုကို

No comments:

Post a Comment