Saturday, January 31, 2015

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)ဇယား ၁ နှင့် ၂ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပ

 
 
 
 
နေပြည်တော် ဇန်နဝါရီ ၃ဝ

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ဇယား ၁ နှင့် ၂ လေ့လာသုံးသပ် ရေးကော်မတီအစည်းအဝေးကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ သမ္မတရုံးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂ဝဝ၈ ခုနှစ်) ဇယား ၁ နှင့် ၂ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ဦးလှထွန်းနှင့် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိ သူများက အစည်းအဝေးတွင် Video Conferencing စနစ်ဖြင့် ပါဝင်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ဇယား ၁ နှင့် ၂ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဇယား ၁၊ ၂တို့နှင့် ပတ်သက်၍ ပြင်သင့်ပြင်ထိုက်သည်များကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်ရာတွင် ပြီးခဲ့သည့် လေးနှစ်တာကာလ လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအပေါ် အခြေခံ၍ သုံးသပ်ဆွေးနွေးသွားကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လုပ်ပိုင်ခွင့်များ လွှဲပြောင်းပေးရာတွင် လေ့ကျင့်လွှဲပြောင်းပေး၍ ရသည်များ ရှိသကဲ့သို့ ဥပဒေများပြဋ္ဌာန်းပြီး လွှဲပြောင်းရသည်များလည်း ရှိပါကြောင်း၊ ဥပဒေပါ ဇယား ၁၊ ၂ အပေါ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များက လုပ်ကိုင်နိုင်သည့်ကိစ္စရပ်များအား လွှဲပြောင်းပေးခြင်းအားဖြင့် ပြည်ထောင်စု အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပိုမိုစီမံ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် လေ့လာသုံးသပ်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက တိုင်းဒေသကြီးနှင့် ပြည်နယ်လုပ်ပိုင်ခွင့်လွှဲပြောင်း ခြင်းသည် ဇယား ၁၊ ၂တို့နှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ဇယား ၁ နှင့် ၂ အား ပီပီပြင်ပြင်ဖြစ်အောင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အစိုးရအုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲရေးအတွက် ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံများကို ပြင်ဆင်ရေးဆွဲနေပါကြောင်း၊ နိုင်ငံတော်သမ္မတအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ရင်းနှီးမြှုပ်နှံမှု လုပ်ပိုင်ခွင့်ပေးမည့် ကိစ္စကို လာမည့်ဘဏ္ဍာနှစ်မှစ၍ ပေးနိုင်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အကြီးအကဲများအား လုပ်ပိုင်ခွင့်နှင့် တာဝန်အပ်နှင်းထားသည့် အချက် ပါဝင်မှသာလျှင် လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ပိုင်ခွင့်ကို အပ်နှင်းမထားပါက လက်တွေ့အကောင်အထည် ဖော်ရာ၌ အခက်အခဲရှိနိုင်ပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ လေ့လာသုံးသပ်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ယခင်ဆောင်ရွက် နေရသည့် အတွေ့အကြုံများအပေါ် အခြေခံ၍ လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ဇယား ၁၊ ၂ အား ရေးဆွဲခဲ့ ခြင်းဖြစ်သော်လည်း လက်တွေ့ ဆောင်ရွက်ရာတွင် ဖြေလျှော့ပေးရ မည့်ကိစ္စရပ်များ ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းကိစ္စများထဲမှ ချက်ချင်းဆောင်ရွက်ရမည့် ကိစ္စရပ် များကို အစိုးရအဖွဲ့က အမိန့်ထုတ် ပြန်ပြီး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များအား သီးခြားစီရပ်တည်နိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ၎င်းတို့တဖြည်းဖြည်း တိုးတက်လာမှ ပြည်ထောင်စုကြီး တိုးတက်လာမည် ဖြစ်ရာ ထိန်းချုပ်ဆောင်ရွက်မှုများကို ဖြေလျှော့ပေးရမည် ဖြစ်ပါကြောင်း၊ လုပ်ပိုင်ခွင့်များကို ဖြေလျှော့ပေးရမည် ဖြစ်သည့်အတွက် ယခုဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂ဝဝ၈ ခုနှစ်)ဇယား ၁ နှင့် ၂ အား လက်တွေ့ကျကျ ဆွေးနွေးပြီး လုပ်ကိုင်ဆောင်ရွက်ပေးနိုင်သည့် အချက်များအပေါ် အဖြေရှာဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက် ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ပြန်လည်ပြင်ဆင် ခဲ့သည့် ဥပဒေ၊ အသစ်ရေးဆွဲရမည့် ဥပဒေနှင့် ရုပ်သိမ်းခဲ့သည့်ဥပဒေများကို ရှင်းလင်းတင်ပြကြပြီး လက်ရှိကျင့်သုံး နေသည့် ဥပဒေများ၊ နည်းဥပဒေများ နှင့်အညီ လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ၊ အောက်ခြေတွင် လုပ်ငန်းများ အကောင်အထည်ဖော်ရာ ၌ အခက်အခဲဖြစ်နေသည့် နည်း ဥပဒေပါအချက်များနှင့် ဖြည့်စွက်သင့် သည့် အချက်များ၊ ဇယား ၁၊ ၂ ပါ ကဏ္ဍအလိုက် ပြည်ထောင်စုနှင့် တိုင်း ဒေသကြီး၊ ပြည်နယ်တို့ ခွဲခြားဆောင် ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဥပဒေ ပြုရေးကိစ္စများနှင့် ခွဲဝေပေးမည့် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်းနှင့် ဦးလှထွန်းတို့က ပြည်ထောင်စုဝန်ကြီးများ၏ ဆွေးနွေးတင်ပြမှုများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ တင်ပြချက်များနှင့် ဒေသန္တရအကောင် အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေး ပြောကြားကြသည်။

(သတင်းစဉ်)

No comments:

Post a Comment