Monday, December 29, 2014

ရွာသာကြီးကျေးရွာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

Photo: ရွာသာကြီးကျေးရွာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

နေပြည်တော်   ဒီဇင်ဘာ   ၂၈

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ရွာသာကြီးကျေးရွာ  ကျေးရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများအား မိုးပွင့် အဆင့် (၇)စီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများ ကွင်းဆင်းဆောင် ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး မိုးပွင့်စီမံချက်များဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို သတ်မှတ်နှုန်းထားဖြင့် လွယ်ကူလျင်မြန်စွာ ထုတ်ပေးနိုင်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်ကွက်/ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးနေမှု၊ နိုင်ငံ သားစိစစ်ရေးကတ်ပြား၏အသုံးဝင်မှု၊ နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသား အခွင့်အရေး အပြည့်အဝ ရရှိနိုင်ရေးအတွက် အထောက်အထားဖြစ်မှု၊ လွယ်လွယ်ကူကူရရှိမှုအပေါ် စနစ်တကျထိန်းသိမ်းရန်လိုအပ်မှုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားအကြောင်း သိကောင်းစရာများကို အခြားသူများထံ ထပ်ဆင့်ရှင်းလင်းပြောကြားသွား ရေးတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ရွာသာကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံကာ ကျေးရွာအလိုက် ပညာရေး၊ ကျန်းမာရေး၊  လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။    
 
(ကြေးမုံ)

No comments:

Post a Comment