Tuesday, December 30, 2014

ဝန်ထမ်းများမှတစ်ဆင့် လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ၊ အယူအဆများ လူထုအတွင်း ပြန့်ပွားစေရေးအလုပ်ရုံသင်တန်းဖွင့်

Photo: ၀န်ထမ်းများမှတစ်ဆင့် လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ၊ အယူအဆများ လူထုအတွင်း ပြန့်ပွားစေရေးအလုပ်ရုံသင်တန်းဖွင့်

  မြစ်ကြီးနား   ဒီဇင်ဘာ   ၂၉

ကချင်ပြည်နယ်အတွင်းတာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာ    ဝန်ထမ်းများမှတစ်ဆင့်   လူ့အခွင့် အရေးဆိုင်ရာ  အသိပညာဗဟုသုတ များ၊    အယူအဆများ၊ ယန္တရားစနစ် များကို  လူထုအတွင်း ပြန့်ပွားစေရန်၊   သိရှိစေရန်အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့် ဆွီဒင် နိုင်ငံအခြေစိုက်Raoul Wallenberg Institute(RWI)တို့က ပူးပေါင်းဖွင့် လှစ်သည့်    လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းဖွင့်ပွဲကို  ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ နန်းသီတာ ဟိုတယ်၌ကျင်းပရာ ပြည်နယ်စိုက် ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဘီ ထောဇောင်း     တက်ရောက်အမှာ စကား ပြောကြားသည်။

ယင်းနောက်     မြန်မာနိုင်ငံ   လူ့အခွင့်အရေးကော်မရှင်  ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံသင်တန်း များ  ကျင်းပရခြင်းနှင့် နိုင်ငံအတွင်း လူ့အခွင့်အရေးစံနှုန်းများ မြင့်မားရန်    လူတိုင်း  လူ့အခွင့်အရေးအသိများ  တိုးတက်မြင့်မားရုံသာမက လူ့အခွင့် အရေးနှင့်  တရားဥပဒေစိုးမိုးရေး အတွက်  လူတိုင်းတည်ဆဲဥပဒေ များကို လေးစားလိုက်နာရန်လိုအပ် ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ အလုပ်ရုံသင်တန်းတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မ ရှင်အကြောင်း၊   ကော်မရှင်ဥပဒေ၊ တိုင်တန်းချက်လုပ်ထုံးလုပ်နည်းများနှင့် လူ့အခွင့်အရေး ဘာသာရပ်များ အပါအဝင် စုစုပေါင်းဘာသာရပ် ၁ဝ ခုတို့ကို ဒီဇင်ဘာ ၃၁  ရက်အထိ ဌာနဆိုင်ရာများမှ အရာထမ်း ၅ဝ တို့အားသုံးရက်ကြာ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ   လူ့အခွင့်အရေး ကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ၊  ကော်မ ရှင်အဖွဲ့ဝင်     ဦးခင်မောင်လေး၊ ဒေါ်မြမြနှင့်    ရုံးအဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၈ ရက်ကလည်း မြစ်ကြီး နားမြို့နှင့် ဝိုင်းမော်မြို့တို့ရှိ  ကယ် ဆယ်ရေးစခန်းများသို့ သွားရောက်၍ ကယ်ဆယ်ရေးစခန်း မိသားစုများ၏ စားဝတ်နေရေးများ၊ ပညာရေး၊ ကျန်း မာရေးဆိုင်ရာ  ကိစ္စရပ်များနှင့်စပ် လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ကြောင်း  သိရသည်။     (ပြည်နယ် ပြန်/ဆက်)
 
No comments:

Post a Comment