Monday, December 1, 2014

မျိုးဆက်သစ်အားကစားသမားများထွက်ပေါ်ရေး တိုက်ကွမ်ဒိုပြိုင်ပွဲများကျင်းပ

Photo: မျိုးဆက်သစ်အားကစားသမားများထွက်ပေါ်ရေး တိုက်ကွမ်ဒိုပြိုင်ပွဲများကျင်းပ

ရန်ကုန်   နိုဝင်ဘာ   ၃ဝ

၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးဖလား တိုက် ကွမ်ဒိုပြိုင်ပွဲကို နိုဝင်ဘာ ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် ရန်ကုန်မြို့ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပခဲ့ကြောင်း သိရသည်။

''တိုက်ကွမ်ဒိုက ကိုရီးယားနိုင်ငံရဲ့ ရိုးရာကိုယ်ခံပညာလည်းဖြစ်ပါတယ်။ သူတို့အားကစားကို  ကျွန်တော်တို့က  မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး မျိုးဆက်သစ်အားကစားသမားတွေ ထွက်ပေါ်လာရေးအတွက် ကျင်းပပေးတာပါ''ဟု ပြိုင်ပွဲစီစဉ်သူ ကိုကျော်သန်းဦးက ပြောသည်။

အဆိုပါပြိုင်ပွဲတွင်  သက်တန်း အလိုက် အတိုက်ပြိုင်ပွဲနှင့် ကကွက် ပြိုင်ပွဲ၊ အသင်းလိုက်ကကွက်ပြိုင်ပွဲ များ၊Senior တန်း အတိုက်ပြိုင်ပွဲ တစ်ဦးချင်းနှင့် တစ်ဦးချင်းအသင်း လိုက် ကကွက်ပြိုင်ပွဲများကျင်းပရာ အသက် ၁၄ နှစ် အမျိုးသား အမျိုး သမီးပြိုင်ပွဲများတွင်  ရွှေကိုး၊ ငွေငါး၊ ကြေးနှစ် ပထမရရှိသွားသော ရွှေ ကိန္နရီအသင်း၊ ရွှေငါး ၊ငွေလေး၊ ကြေး ၁၁ ဒုတိယရရှိသွားသောAS  အသင်း၊ ရွှေနှစ်၊ ငွေတစ်၊ ကြေးနှစ် တတိယ ရရှိသွားသောYTC အသင်းအားMr.Jang    ကလည်းကောင်း၊ အသက် ၁၈ နှစ် အမျိုးသား အမျိုးသမီးပြိုင်ပွဲ များတွင်  ရွှေကိုး၊ ငွေ၊ ကြေးလေး ပထမရရှိသွားသော GC အသင်း၊ ရွှေတစ်၊ ငွေသုံး၊ ကြေး ဝ ဒုတိယရရှိ သွားသောSPF  အသင်း၊ ရွှေတစ်၊ ငွေနှစ်၊ ကြေးသုံးတတိယရရှိသွားသောAS အသင်းအား    မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြဟန် ကလည်းကောင်း၊ အသက် ၁၈ နှစ် အမျိုးသား အမျိုးသမီးပြိုင်ပွဲတွင် ရွှေငါး၊ ငွေငါး၊ ကြေးငါး ပထမရရှိ သွားသောYCDC  အသင်း၊ ရွှေသုံး၊ ငွေလေး၊ ကြေးငါး ဒုတိယရရှိသွား သော ကာကွယ်ရေးအသင်း၊ ရွှေသုံး၊ ငွေတစ်၊ ကြေးလေး တတိယရရှိသွား သောGC  အသင်းအား မြန်မာနိုင်ငံ ဆိုင်ရာ    ကိုရီးယားသံအမတ်ကြီးH.E.Mr. Baek Soon Lee  ကလည်း ကောင်း   တံခွန်စိုက်ဆုဖလားများ ချီးမြှင့်ကြသည်။

ပြိုင်ပွဲသို့ ဝန်ကြီးဌာနအသင်းများ၊ ကလပ်အသင်းများနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ အသင်း ၁၈ သင်း တို့က   အားကစားသမား ၂၁၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment