Tuesday, December 2, 2014

ပြန်ကြားရေးဝန်ကြီးဌာနနှင့် အမေရိကန်သံရုံးတို့ပူးပေါင်း၍ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

 Photo: ပြန်ကြားရေးဝန်ကြီးဌာနနှင့် အမေရိကန်သံရုံးတို့ပူးပေါင်း၍ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ် 
========================================

နေပြည်တော် ဒီဇင်ဘာ ၁

ပြန်ကြားရေးဝန်ကြီးဌာန   ဦးစီးဌာနနှင့် လုပ်ငန်းများရှိ ဝန်ထမ်းများ အင်္ဂလိပ်စာအရည်အသွေးတိုးတက်လာစေရေး ရည်ရွယ်၍ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် အမေရိကန်သံရုံးတို့ ပူးပေါင်း၍    အခြေခံအင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင် ဘာ ၁ ရက်   နံနက် ၁ဝ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန   သင်တန်းခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် တက်ရောက်အမှာစကား   ပြောကြားခဲ့သည်။

အခမ်းအနားသို့   အမေရိကန် ပြည်ထောင်စုမှ အင်္ဂလိပ်စာနည်းပြ ပါမောက္ခ Ms.Kelly Vassar၊ ဝန်ကြီးဌာနမှ  တာဝန်ရှိသူများ၊ ဝန်ကြီးရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ပုံနှိပ်ရေးနှင့် စာအုပ်   ထုတ်ဝေရေးလုပ်ငန်းနှင့်   မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနတို့  မှ သင်တန်းသား သင်တန်းသူ ၂ဝ  တက်ရောက်ခဲ့ပြီး သင်တန်းကာလ မှာ ရက်သတ္တပတ် သုံးပတ်ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။     (ကြေးမုံ)
 
No comments:

Post a Comment