Wednesday, December 31, 2014

စီရိုနယ်လ်ဒိုနှင့် အန်ဆယ်လော့တီ ၂ဝ၁၄ တစ်နှစ်တာအကောင်းဆုံးဆုများဆွတ်ခူး

Photo: စီရိုနယ်လ်ဒိုနှင့် အန်ဆယ်လော့တီ ၂ဝ၁၄ တစ်နှစ်တာအကောင်းဆုံးဆုများဆွတ်ခူး

ရီးယဲလ်မက်ဒရစ်    အသင်းမှ တိုက်စစ်မှူး စီရိုနယ်လ်ဒိုသည် ကမ္ဘာ လုံးဆိုင်ရာ ဘောလုံးကျွမ်းကျင်သူများ ကို ဆုချီးမြှင့်သည့်The Globe Soccer Award အခမ်းအနားတွင်  ၂ဝ၁၄ ခုနှစ်၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်  အသင်းနည်းပြ ကားလို့စ်အန်ဆယ်လော့တီသည် လည်း ၂ဝ၁၄ ခုနှစ်၏  တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူး နိုင်ခဲ့သည်။

အဆိုပါဆုပေးပွဲကို ဒူဘိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး  တိုက်စစ်မှူး စီရိုနယ်လ်ဒိုသည်  ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်ခုတည်းတွင် ဂိုးများစွာသွင်းယူ ပေးနိုင်ခဲ့ခြင်းနှင့်အတူ   ရီးယဲလ် မက်ဒရစ်အသင်းကိုလည်း ချန်ပီယံ လိဂ် (၁ဝ)ကြိမ်မြောက်  ချန်ပီယံ အဖြစ်  ဆွတ်ခူးပေးနိုင်ခဲ့ခြင်းတို့ ကြောင့်  ၂ဝ၁၄ ခုနှစ်၏    တစ်နှစ်တာ အကောင်းဆုံးဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ် သည်။

တိုက်စစ်မှူး  စီရိုနယ်လ်ဒိုသည် ဖီဖာ၏ ကမ္ဘာ့အကောင်းဆုံးကစား သမားဆုကိုလည်း   ဘာစီလိုနာ တိုက်စစ်မှူးမက်ဆီ၊   ဘိုင်ယန်မြူးနစ် ဂိုးသမား နျူအာတို့အား ကျော်ဖြတ်ကာ ရယူဆွတ်ခူးနိုင်မည့်   ကစားသမား အဖြစ် ရေပန်းစားနေပြီး ဇန်နဝါရီ ၁၂ တွင် ကြေညာမည့်  အဆိုပါကမ္ဘာ့ အကောင်းဆုံး  ကစားသမားဆုကို လည်း စီရိုနယ်လ်ဒိုအနေဖြင့် မျှော်လင့် ထားကြောင်း ၂ဝ၁၄ ခုနှစ်၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု လက်ခံ ရယူပြီးနောက် ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ကားလို့စ်အန်ဆယ်လော့တီသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ ပထမရာသီမှာပင်  စပိန်ကိုပါဒယ်ရေး ဖလားကို ဆွတ်ခူးနိုင်ရေး စွမ်းဆောင် ပေးခဲ့သည့်အပြင်   မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်း ကိုလေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ (၁ဝ)ကြိမ်မြောက်ချန်ပီယံလိဂ်ဖလား ကို ရရှိအောင်  စွမ်းဆောင်နိုင်ခဲ့ခြင်း ကြောင့် ၂ဝ၁၄ ခုနှစ်၏   တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကိုရရှိခဲ့ခြင်း ဖြစ်သည်။

နည်းပြအန်ဆယ်လော့တီသည် အီတလီမြေတွင်  အေစီမီလန်အသင်း၊ အင်္ဂလန်မြေတွင်  ချယ်လ်ဆီးအသင်း၊ ပြင်သစ်မြေတွင်  ပီအက်စ်ဂျီအသင်း စသည့် အသင်းများကို  တာဝန်ယူ ကိုင်တွယ်ခဲ့စဉ်ကလည်း  ပြည်တွင်း အမှတ်ပေးဖလားများကို ဆွတ်ခူးပေး နိုင်ခဲ့သူဖြစ်သည်။  
(နိုင်လင်းကြည်)

No comments:

Post a Comment