Tuesday, December 30, 2014

မီးလောင်နေသော ဂရိကူးတို့သင်္ဘောပေါ်တွင် လူ ၂ဝဝ နီးပါးရှိနေဆဲဟုဆို

Photo: မီးလောင်နေသော ဂရိကူးတို့သင်္ဘောပေါ်တွင် လူ ၂ဝဝ နီးပါးရှိနေဆဲဟုဆို   

ဘာရီ (အီတလီ)      ဒီဇင်ဘာ     ၂၉

အက်ဒရီရေးတစ်ပင်လယ်ပြင်၌ မီးလောင်မှုဖြစ်ပွားခဲ့သော ဂရိကူးတို့သင်္ဘောမှ ကယ်တင်လာခဲ့သော ခရီးသည် ၄၉ ဦးနှင့်အတူ ကုန်သင်္ဘောတစ်စင်းသည် အီတလီနိုင်ငံ ဘာရီဆိပ်ကမ်းသို့ ယနေ့ ရောက်ရှိလာခဲ့သည်။

၎င်းတို့သည် ကုန်းမြေပေါ်သို့ ပထမဆုံးရောက်ရှိလာသည့် ခရီးသည်အုပ်စုဖြစ်သည်။ အီတလီနှင့် အယ်လ်ဘေးနီးယားအကြား လှိုင်းလေကြမ်းတမ်းသော ပင်လယ်ပြင်အတွင်း မီးခိုးများဖုံးအုပ်၍ မျောနေသော သင်္ဘောပေါ်တွင် လူ ၂ဝဝ နီးပါး ကျန်ရှိနေသေးသည်။

အီတလီနှင့်ဂရိရေတပ်သင်္ဘောများ၊ ကမ်းခြေစောင့်တပ်မှ သင်္ဘောများနှင့် ရဟတ်ယာဉ်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ရဟတ်ယာဉ်များသည် မီးလောင်နေသော သင်္ဘောပေါ်မှ ခရီးသည်များကို ကယ်ထုတ်၍ အနီး၌ အသင့်စောင့်ဆိုင်းနေကြသော ကုန်သင်္ဘောများပေါ်သို့ ပို့ဆောင်ပေးကြသည်။ ကယ်ဆယ်ရေးဆောင်ရွက်စဉ် တစ်ဦးသေဆုံး၍ အခြားနှစ်ဦးဒဏ်ရာရရှိခဲ့သည်။

''စပရစ်အော့ဖ်ဗိုင်ရာအီးယ်ပ်စ်'' အမည်ရှိ သင်္ဘောသည် လွတ်မြောက်လာသူ ၄၉ ဦးကို ခေါ်ဆောင်လာပြီး ဂရင်းနစ်စံတော်ချိန် ၆ နာရီ ၃ဝ တွင် ဘာရီဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သည်။

ကုန်းပတ်ပေါ်တွင် ခရီးသည်များနှင့် သင်္ဘောသားများက သင်္ဘောပေါ်မှ ကွန်တိန်နာများ ချနေသည်ကို စောင့်ကြည့်နေကြပြီး  ရုပ်/သံရိုက်ကူးသူများနှင့် ဆွေမျိုးများက ကုန်းပတ်အောက်တွင် စုဝေးနေကြသည်။ ဆရာဝန်များက ကလေးလေးဦး အပါအဝင် ခရီးသည်များ၏ ကျန်းမာရေးကို စစ်ဆေးရန် ကုန်းပတ်ပေါ်သို့ တက်ကြသည်။

ခရီးသည် ၄၂၂ ဦးနှင့်  သင်္ဘောသား ၅၆ ဦးပါ အီတလီအလံ လွှင့်ထူထားသော ''နော်မန်အတ္တလန္တိတ်''၏ ကားကုန်းပတ်ပေါ်တွင် တနင်္ဂနွေနေ့ အရုဏ်မတက်မီ မီးလောင်ခဲ့ခြင်းဖြစ်သည်။ မိုးသီးမိုးပေါက်များကျနေချိန်တွင် ခရီးသည်များသည် တစ်နေ့လုံး၊ တစ်ညလုံး သင်္ဘော၏ အထက်ကုန်းပတ်များပေါ်သို့ စုပြုံတိုးဝှေ့ကြပြီး မီးခိုးလုံးများကြားမှ ကြိုးစားအသက်ရှူကြရသည်။

တနင်္လာနေ့ စောစောပိုင်းအထိ ၃၁၆ ဦးကို ကယ်တင်ပေးနိုင်ခဲ့ပြီး သင်္ဘောပေါ်၌ ၁၆၁ ဦး ကျန်ရှိသေးကြောင်း ဂရိ ကုန်သွယ်ရေကြောင်း ဝန်ကြီးကပြောကြားသည်။    အေပီ။

No comments:

Post a Comment