Wednesday, December 31, 2014

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံ

Photo: ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊
 ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံ

နေပြည်တော်     ဒီဇင်ဘာ     ၃ဝ

ပြည်ထောင်စု     ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်     ၂ဝ၁၅ ခုနှစ် အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလ ပထမပတ်တွင်ကျင်းပရန် စီစဉ်ထားသည့်     အထွေထွေရွေး ကောက်ပွဲအား လွတ်လပ်တရားမျှတ သည့် ရွေးကောက်ပွဲဖြစ်ရန် ဥပဒေ နှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲတွင် ဘက် လိုက်ခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ လွတ်လပ်မှုနှင့် မျှတမှုမရှိခြင်းသည် ရွေးကောက်ခံကိုယ်စားလှယ်များနှင့် ဖြစ်ပေါ်လာမည့်လွှတ်တော်များနှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာ၊ ပုံရိပ်ကျဆင်း ညှိုးနွမ်းစေမည်ဖြစ်၍ ပွင့်လင်းမြင်သာ သည့်    လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် လိုအပ်ကြောင်း၊ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ ကို   ကော်မရှင်တစ်ခုတည်းဖြင့်သာ မကဘဲ နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့အစည်းများ၊ မီဒီယာများနှင့်ပြည်သူ လူထုအားလုံးမှ ပူးပေါင်းပါဝင် ဆောင် ရွက်သွားရန်     လိုအပ်ကြောင်းဖြင့် ယမန်နေ့   မွန်းလွဲ ၂ နာရီက ကရင် ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် နိုင်ငံရေးပါတီများ၊ လူမှု ရေးအဖွဲ့အစည်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲများနှင့်တွေ့ဆုံပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးနှင့်အတူ ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဦးဇော်မင်း၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောအောင်ကျော်မင်း၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊   ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်၊ ခရိုင်၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဆက်လက်၍ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ   နိုင်ငံတော်တွင်   အာဏာကြီး သုံးရပ်ကို ကျင့်သုံးမည့် လွှတ်တော်နှင့် အစိုးရအဖွဲ့ ပေါ်ပေါက်နိုင်ရန် စတင် အခြေခံလာခြင်းမှာ ရွေးကောက်ပွဲမှ မြစ်ဖျားခံလာခြင်းဖြစ်ကြောင်း၊ ရွေး ကောက်ပွဲဆိုင်ရာလုပ်ငန်းများသည် နိုင်ငံတော်အတွက် လွန်စွာအရေးကြီး သည့် လုပ်ငန်းကြီးတစ်ခုဖြစ်ကြောင်း၊ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ ကို  ပွင့်လင်းမြင်သာစွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် မဲဆန္ဒရှင်ပညာပေးခြင်းတို့အား ဆောင် ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲ အတွေ့အကြုံ    ဗဟုသုတနည်းပါး ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးပါက    ဥပဒေပြုရေး အာဏာ၊     အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို အကောင် အထည်ဖော်ဆောင်ရွက်ရမည့်သူများ ဖြစ်ပါကြောင်း၊  လွှတ်တော်အတွင်း လူတော်လူကောင်းများ ရောက်ရှိမှသာ နိုင်ငံတော်    တိုးတက်ဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်မည်   ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ    ရွေး ကောက်ပွဲများကို    ငါးနှစ်တစ်ကြိမ် ကျင်းပရမည်ဖြစ်ပြီး    ပထမအကြိမ် လွှတ်တော်အသီးသီး၏ သက်တမ်း သည် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၃ဝ ရက် တွင်ကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်း မကုန်ဆုံးမီ ရက်ပေါင်း ၉ဝ အတွင်း ရွေးကောက်ပွဲကျင်းပပေးရမည်ဖြစ်ရာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ နောက် ဆုံးပတ်သို့မဟုတ် နိုဝင်ဘာလ ပထမ ပတ်အတွင်း ကျင်းပပေးမည်ဟု ကြေ ညာထားပါကြောင်း၊ သို့ဖြစ်ရာ ရွေး ကောက်ပွဲကျင်းပရန် ၁ဝ လခန့်သာ လိုတော့ပြီး အရေးကြီးသည့် အချိန် ကာလသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများ   ကျင်းပနိုင်ရန် အတွက် မဲဆန္ဒရှင်စာရင်း ပြုစုခြင်းနှင့် မဲဆန္ဒရှင်   ပညာပေးခြင်းလုပ်ငန်း များအား စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ ကျင်းပနိုင်ရေးတွင် မဲဆန္ဒရှင် စာရင်းပြုစုခြင်းသည် အခြေခံကျသော အချက်တစ်ခုဖြစ်ပြီး အိမ်ထောင်စု စာရင်းပုံစံ (၁ဝ)နှင့် လူဦးရေစာရင်း တို့အား အခြေခံပြီး ပြုစုခြင်းဖြစ်ရာ အဆိုပါစာရင်းဇယားများကို နောက်ဆုံး အခြေအနေနှင့်   ကိုက်ညီအောင် ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ မဲစာရင်းများထုတ်ပြန်ပါက မိမိအမည် မဲစာရင်းတွင်ပါ၊ မပါကြည့်ရှုရန်လိုအပ် ပြီး မပါပါက ထည့်သွင်းပေးရန်နှင့် မပါသင့်သူများ ပါဝင်ပါက ပယ်ဖျက် ပေးရန်   သက်ဆိုင်ရာပုံစံများဖြင့် တောင်းဆိုကာ ပြည့်စုံမှန်ကန်သော မဲစာရင်းဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်ပညာပေး ခြင်းလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ရာ ပါဝင်ပူး ပေါင်းဆောင်ရွက်ရန်   ဖိတ်ခေါ်ပါ ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ဥပဒေကိုသေချာစွာလေ့လာရန်၊ လိုက် နာရန်နှင့် ဥပဒေ၏ အကာအကွယ်ကို ရယူရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲ နှင့်ပတ်သက်၍ သိရှိလိုသည့်အချက် များကို မေးမြန်းခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိုင်ငံရေးပါတီများ၏မေးမြန်းချက် များနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး  နိဂုံးချုပ်အနေဖြင့် နိုင်ငံရေးပါတီများ၊Observer  များနှင့် မီဒီယာများအနေဖြင့်လည်း လွတ်လပ် ၍ တရားမျှတသည့်ရွေးကောက်ပွဲကြီး ကို ဥပဒေနှင့်အညီ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက် တွန်းလိုပါကြောင်းဖြင့်    ပြောကြား     သည်။
ယင်းနောက်   ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်  ဥက္ကဋ္ဌသည် ညနေ ၆ နာရီတွင်  ကရင်ပြည်နယ် ဘားအံမြို့   ပြည်ထောင်စုရိပ်သာ ဧည့်ခန်းမဆောင်၌ ကရင်ပြည်နယ် အတွင်းရှိ ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့်    တွေ့ဆုံ၍   ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များ           ဆွေးနွေးခဲ့    သည်။
အဆိုပါ     တွေ့ဆုံဆွေးနွေးပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊    ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ၊ ကွပ်ကဲရေး အကြံပေးအဖွဲ့မှ ဗိုလ်မှူးကြီးစောထွန်း လှိုင်၊   ဒုတိယဗိုလ်မှူးကြီး စောကြာ အင်း၊ ဦးမန်းစောရွှေ၊ ဦးကျော်သန်း၊ ဦးသာထူးကျော်၊    ဦးစောသန်းမြ၊ KNU  မှ         ဗိုလ်မှူး    စောရွှီးရှို၊                 ဦးမန်းသိန်းမောင်နှင့်       DKBA ကလိုထူးဘောတပ်ဖွဲ့မှ ဗိုလ်မှူးကြီး မောင်လေးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment