Sunday, November 30, 2014

ပန်းတနော်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း

Photo: ပန်းတနော်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း

ပန်းတနော်       နိုဝင်ဘာ     ၂၉

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် စုံတောကျေးရွာအုပ်စု ကွင်းအမှတ်(၅၅၆) ဦးပိုင်အမှတ် (၈၄) တောင်သူဦးသိန်းဇော်၏ လယ်တွင် နိုဝင်ဘာ ၂၄ ရက် နံနက်က မိုးစပါးစံကွက်ရိတ်သိမ်းရာ  မအူပင်ခရိုင် စိုက်ပျိုး ရေး ဦးစီးမှူး ဦးမျိုးခန့်၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးကျော်မြင့်နှင့်  မြို့နယ် စိုက်ပျိုးရေး/မြို့နယ်မြေစာရင်းဝန်ထမ်းများနှင့် တောင်သူများတက်ရောက်ကြသည်။ အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် ဆင်းသုခစပါးမျိုးစံကွက်(သင့်) အမျိုးအစားဖြစ်ပြီး တစ်ဧကအထွက်နှုန်း ၆၆ ဒသမ ၄၄ တင်းနှုန်းထွက်ရှိကြောင်း သိရသည်။ 

ဝင်းမြင့်ကျော်(ညောင်တုန်း)

No comments:

Post a Comment