Saturday, November 29, 2014

အိုပက်အစည်းအဝေးအပြီး ရေနံဈေးထိုးဆင်း တစ်နေ့စည်ပေါင်းသန်း ၃၀ ဆက်ထုတ်ရန်ဆုံးဖြတ်

Photo: အိုပက်အစည်းအဝေးအပြီး ရေနံဈေးထိုးဆင်း တစ်နေ့စည်ပေါင်းသန်း ၃၀ ဆက်ထုတ်ရန်ဆုံးဖြတ်

ဗီယင်နာ    နိုဝင်ဘာ   ၂၈

အိုပက်ရေနံထုတ်လုပ်ရောင်းချသူများက ဗီယင်နာအစည်းအဝေး၌  ရေနံကို လျှော့မထုတ်ရန်ဆုံးဖြတ်ခဲ့ ပြီးနောက် ရေနံဈေးနှုန်းမှာထိုးဆင်းခဲ့သည်။

အိုပက်အဖွဲ့ဝင်နိုင်ငံများအနေဖြင့်  ရေနံကိုလျှော့ ထုတ်ခြင်းအားဖြင့် ဈေးနှုန်းမြင့်တက်အောင်လုပ်မည် မဟုတ်ကြောင်း အိုပက်အတွင်းရေးမှူးချုပ် အဗ္ဗ ဒူလာဆလမ်အီးလ်ဘက်ဒရီက ပြောသည်။

အဆိုပါ အိုပက်အဖွဲ့က  ရေနံကို လျှော့မထုတ်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ၂ဝ၁ဝ  ပြည့်နှစ် သြဂုတ်လနောက် ပိုင်းအနိမ့်ဆုံးသို့  ကျဆင်းသွားခဲ့ရာ  တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၂  ဒေါ်လာ  အောက်ကျဆင်း သွားခဲ့သည်။ ထိုနေ့က တစ်စည် ၇၂ ဒသမ ၈၂ ဒေါ်လာ ဖြင့်ရောင်းဝယ်နေရာမှ ကျဆင်းသွား ခဲ့သည်။ အမေရိကန် ရေနံဈေးကွက်တွင် တစ်စည်လျှင် ၆၉ ဒသမ ၁၅ဒေါ်လာဖြင့်  အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်စည်အပေါ် ၄ ဒသမ ၆၄ ဒေါ်လာကျဆင်းသွားခဲ့ သည်ဟုဆိုသည်။

အိုပက်အဖွဲ့ဝင် ၁၂ နိုင်ငံက ၂ဝ၁၁ ခုနှစ်   ဒီဇင်ဘာလက  ပထမဆုံး သဘောတူညီထားသည့်အတိုင်း တစ်ရက်ကိုစည်ပေါင်းသန်း ၃ဝ ထုတ်လုပ်သွားမည်ဟု ဆုံးဖြတ်ခဲ့သည်။ ရေနံစိမ်းဈေးနှုန်းသည် အမေရိကန် နိုင်ငံတွင် ထုတ်လုပ်မှုမြင့်ပြီး ကမ္ဘာ့ဝယ်လိုအား နှေးကွေးခဲ့သည့်အတွက် ဇွန်လမှစတင်ကာ ၃ဝ  ရာခိုင်နှုန်းကျဆင်းခဲ့ သည်။ 

(ဘီဘီစီ)

No comments:

Post a Comment