Saturday, November 29, 2014

မုဒုံ-မြ၀တီလမ်းရှိ အတ္တရံတံတား (ချောင်းနှစ်ခွ)

Photo: မုဒုံ-မြ၀တီလမ်းရှိ အတ္တရံတံတား (ချောင်းနှစ်ခွ)
============================

သတင်းဆောင်းပါး-မောင်မောင်မြင့်ဆွေ
ဓာတ်ပုံ-(ပြည်နယ် ပြန်/ဆက်)

 မော်လမြိုင် နိုဝင်ဘာ ၂၈

မွန်ပြည်နယ်၌    သံလွင်နှင့် အတ္ထရံမြစ်တို့က ဖြတ်သန်းစီးဆင်းနေ သည်။ မြစ်များ ဖြတ်သန်းစီးဆင်းနေမှု ကြောင့်   လမ်းပန်းဆက်သွယ်ရေး ခက်ခဲလျက်ရှိရာ  ယခုအခါ  မုဒုံ-မြဝတီလမ်းရှိ အတ္ထရံတံတား (ချောင်း နှစ်ခွ)ကို   တည်ဆောက်လျက်ရှိပြီး မကြာမီကာလအတွင်း   ပြီးစီးတော့ မည်ဖြစ်သည်။

မွန်ပြည်နယ်  မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်း   တည် ဆောက်လျက်ရှိသော အတ္ထရံတံတား (ချောင်းနှစ်ခွ)ကို ပြည်သူ့ဆောက်လုပ် ရေးလုပ်ငန်း အထူးစီမံကိန်းအဖွဲ့(၂)က တာဝန်ယူတည်ဆောက်နေခြင်း ဖြစ်သည်။ တံတားတည်ဆောက်မှုကို ၂ဝ၁၄ ခုနှစ်ပိုင်းက စတင်ဆောင် ရွက်ခဲ့ရာ ၂ဝ၁၅ ခုနှစ် မေလကုန်ခန့် တွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည်။

အတ္ထရံတံတား (ချောင်းနှစ်ခွ)၏ အရှည်သည် ပေ ၉ဝဝ ဖြစ်ပြီး အကျယ်  ပေ ၃ဝဖြစ်သည်။   တံတားအမျိုး အစားသည်   သံကူကွန်ကရစ်ရက်မ Plate  Girder  နှင့် သံမဏိသံပေါင်ခန်း ဖွဲ့ ပေါင်းစပ်တည်ဆောက်ထားခြင်း ဖြစ်သည်။ မြန်မာအင်ဂျင်နီယာများ က တည်ဆောက်နေခြင်းဖြစ်ရာ ယခု အခါ     တံတားတည်ဆောက်ရေး  လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးရန် ကြိုးစားနေသည်။

အတ္ထရံတံတား  (ချောင်းနှစ်ခွ) ကို  ဝ ဒသမ ၈နှင့် ၁ ဒသမ ၅ မီတာ အချင်းရှိ ဘိုးပိုင်အုတ်မြစ်၊  သံကူ ကွန်ကရစ် ထိပ်အုပ်နှင့်  ကိုယ်ထည် တို့ဖြင့်    တည်ဆောက်ခြင်းဖြစ် သည်။  တံတားတွင် RC ပေ ၆ဝ သုံးခန်း၊ PC  ပေ ၁၂ဝ တစ်ခန်း၊ သံမဏိသံပေါင် ပေ၂၄ဝ တစ်ခန်းနှင့် သံကူကွန်ကရစ် ကြမ်းခင်းနှင့် လက် ရန်းတို့ပါဝင်သည်။

အတ္ထရံတံတား(ချောင်းနှစ်ခွ) ပေါ်မှ တန် ၆ဝ အထိ   ယာဉ်များ ဖြတ်သန်းမောင်းနှင်နိုင်မည်ဖြစ်ရာ တံတားပြီးစီးပါက  မွန်ပြည်နယ်မှ ဒေသထွက်ကုန်များနှင့် ခရီးသည် များ မြဝတီမြို့အထိ ခရီးပေါက်ကာ သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ် သည်။ တစ်ဖန် မော်လမြိုင်မှ မြဝတီ မြို့ ထိုင်းနယ်စပ်အထိ   ခရီးလမ်း သွားလာနိုင်မည်ဖြစ်သည်။

ထို့အတူ မွန်ပြည်နယ်အနေဖြင့် သံဖြူဇရပ် - ဘုရားသုံးဆူနယ်စပ်မှ ထိုင်း-မြန်မာ ခရီးလမ်းသွားလာမှု နှင့်   ကုန်ပစ္စည်းသယ်ဆောင်မှု အပြင် အတ္ထရံတံတား (ချောင်းနှစ်ခွ) ပြီးစီးပါက  ထိုင်းနိုင်ငံနှင့်   ဆက် သွယ်နိုင်မည့် ခရီးစဉ်လမ်းကြောင်း သစ်တစ်ခုလည်းထွက်ပေါ်လာမည် ဖြစ်သည်။

တစ်ဖန် အတ္ထရံတံတား (ချောင်း နှစ်ခွ) မတည်ဆောက်မီက ပြည်တွင်း ရေကြောင်းမှ   ကူးတို့ယာဉ်ဖြင့် တစ်နေ့ရှစ်ကြိမ်ခန့် ခရီးသည်နှင့် ကုန်ပစ္စည်းများ   ပို့ဆောင်ပေး နေရမှုများမှာလည်း  တံတားပြီးစီး သွားပါက ကူးတို့ယာဉ် ပြေးဆွဲစရာ မလိုတော့ချေ။   ဒေသခံပြည်သူ များအတွက်  ခရီးကြန့်ကြာခြင်း၊ အချိန်ကုန်ခြင်းများ မရှိတော့သည့် အပြင် လျင်မြန်ချောမွေ့သော ခရီး လမ်းဆက်သွယ်မှု   အကျိုးကျေးဇူး ကို ခံစားရတော့မည်ဖြစ်သည်။

''ဒီတံတားကို ဆောက်လုပ်ပေး တဲ့အတွက်  ကျွန်တော်တို့ဒေသခံ တွေအများကြီးအကျိုးကျေးဇူးဖြစ် ထွန်းစေပါတယ်။ အရင်ကလို  အချိန် ကုန်   ခရီးကြန့်ကြာခဲ့ရတာတွေ လည်း မရှိတော့ပါဘူး။ အချိန်မရွေး သွားလာနိုင်ပြီဖြစ်ပါတယ်''   ဟု ဒေသခံ  တစ်ဦးဖြစ်သူကိုဖေခင်က ပြောသည်။

အတ္ထရံတံတား(ချောင်းနှစ်ခွ)တည်ဆောက်မှုကြောင့် မွန်ပြည်နယ် သည် ခရီးလမ်းပန်းချိတ်ဆက်မှု ပိုမို ကောင်းမွန်သော  ပြည်နယ်တစ်ခု ဖြစ်လာပြီး ရန်ကုန်တိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊  ကရင်ပြည်နယ် နှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ် များသို့ အချိန်မရွေး သွားရောက် နိုင်သည့် ပြည်နယ်တစ်ခုဖြစ်လာခဲ့ပြီ ဖြစ်သည်။      
 
  (မြန်မာ့အလင်း)

No comments:

Post a Comment