Sunday, November 30, 2014

ပုဇွန်တောင်-ပန်းဆိုးတန်း-ထော်လီကွေ့ လမ်းပိုင်း အာရ်ဘီအီးရထားရပ်စခန်းများ တည်ဆောက်မှုပြီးစီးလုပြီ

Photo: ပုဇွန်တောင်-ပန်းဆိုးတန်း-ထော်လီကွေ့ လမ်းပိုင်း အာရ်ဘီအီးရထားရပ်စခန်းများ တည်ဆောက်မှုပြီးစီးလုပြီ

ရန်ကုန်   နိုဝင်ဘာ   ၂၉

 ရန်ကုန်မြို့တွင်းရှိ  ကမ်းနားလမ်းမသစ်၏   အလုံထော်လီကွေ့ရှိ   လျှပ်စစ် ဓာတ်အားပေးစက်ရုံဝင်းရှေ့တွင် ကမ်းနားလမ်းမသစ်တစ်လျှောက် ပုဇွန်တောင်- ပန်းဆိုးတန်း-ထော်လီကွေ့လမ်းပိုင်းကို ဒီဇင်ဘာလဆန်းတွင် အာရ်ဘီအီးရထား စတင်ပြေးဆွဲရန် သက်ဆိုင်ရာမှ  စီစဉ်ဆောင်ရွက်နေသည့် ရထားရပ်စခန်းတစ်ခု  တည်ဆောက် ပြီးစီးလုဖြစ်နေသည်ကို မြင်တွေ့ရသည်။ 
ကမ်နားလမ်းမတစ်လျှောက် အုတ်တံတိုင်းနှင့် ကပ်လျက် ယခင်ရှိခဲ့သော သံလမ်း များပေါ်တွင် အာရ်ဘီအီးရထားများ              
ပြေးဆွဲမည်ဖြစ်ရာ   ပုဇွန်တောင်- ပန်းဆိုးတန်း၊ ပန်းဆိုးတန်း-ထော်လီ ကွေ့ အပိုင်းနှစ်ပိုင်းခွဲခြား ပြေးဆွဲမည် ဖြစ်ကြောင်း ယင်းလမ်းကြောင်းတွင် ပန်းဆိုးတန်း ရပ်စခန်း၊ ဆူးလေရပ် စခန်း၊ ရွှေတိဂုံ ရပ်စခန်း၊ စဥ့်အိုးတန်း ရပ်စခန်း၊ မော်တင်ရပ်စခန်း၊ ဝါးတန်း ရပ်စခန်း၊ ထော်လီကွေ့ ရပ်စခန်းများ  သတ်မှတ်ထားကြောင်း   သိရသည်။   ဗိုလ်တထောင်ဘုရားဝင်ပေါက်အနီး နှင့်  အလုံထော်လီကွေ့တို့၌  ရပ် စခန်းအဆောက်အအုံများ  တည် ဆောက်ပြီးစီးလုနီးပါးရှိနေပြီ   ဖြစ် သည်ကို  တွေ့ရသည်။
 
အလုံထော်လီကွေ့ရပ်စခန်း အလွန် ကမ်းနားလမ်းမသစ်ကို ဖြတ်၍ ရထားသံလမ်းများရှိသေးသော်လည်း ကမ်းနားလမ်းမဟောင်းပေါ်ရှိ ရထား သံလမ်းများမှာ  မရှိတော့ကြောင်း၊ ယင်းနေရာလမ်းကြောင်းမှတစ်ဆင့် မြို့ပတ်ရထားလမ်းနှင့် ချိတ်ဆက်ကာ ကုန်ရထားတွဲများ  ယခင်ပြေးဆွဲခဲ့ သော်လည်း ကမ်းနားလမ်းမသစ် စတင် အသုံးပြုချိန်တွင်မူ   ကမ်းနားလမ်း  ဖြတ်၍ မြို့ပတ်ရထားလမ်းကြောင်းနှင့် ချိတ်ဆက်၍ ရထားပြေးဆွဲမှုမရှိဘဲ ကမ်းနားလမ်းသစ်တစ်လျှောက်သာ ကုန်ရထားတွဲများ ပြေးဆွဲမှုရှိသည် ဟု အလုံထော်လီကွေ့တွင် နေထိုင်သူ တစ်ဦးကဆိုသည်။ 
           
ခင်ဆိုင်

No comments:

Post a Comment