Thursday, November 27, 2014

ပြန်လည်ခုခံသူ ၁၁၆ ဦးအား ရဲအဖွဲ့က ထိန်းသိမ်း




ဟောင်ကောင် နိုဝင်ဘာ ၂၆

သပိတ်စခန်းများကို ဖြိုခွင်းစဉ် လုံးထွေးသတ်ပုတ်မှုများ ဖြစ်ပွားခဲ့ပြီး ဟောင်ကောင်၌ ဆန္ဒပြသူ ၁၁၆ဦး အား ရဲအဖွဲ့က ထိန်းသိမ်းထားသည်။

အာဏာပိုင်များက ယင်းတို့ကို တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဟောင်ကောင် မြို့၏ အဓိကအချက်အချာကျရာမောင်းကွတ်ခရိုင်၌ သပိတ်စခန်းများ ရှင်းလင်းရေးဆောင်ရွက်စဉ် ဆန္ဒပြ သူအချို့ကို ထိန်းသိမ်းလိုက်သည်။

အင်္ဂါနေ့ညပိုင်းတွင် ရဲအဖွဲ့က ဆန္ဒပြသူများကို ဖြိုခွင်းစဉ် ဆန္ဒပြသူ များက နက်သန်လမ်းမကြီးအနီး လမ်းသွယ်များ၌ ခုခံမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ရဲအဖွဲ့ က ဗုဒ္ဓဟူးနေ့တွင် ဖမ်းဆီးမှုများ ပိုမိုပြုလုပ်ရန် မျှော်လင့်ထားသည်။ 

မောင်းကွတ်ခရိုင်၌ ရဲတပ်ဖွဲ့ဝင် များ၏ ကျောထောက်နောက်ခံပြု လျက် ဆန္ဒပြသူများ၏ သပိတ်စခန်း ရှင်းလင်းရေးလုပ်ငန်းကို ဆက်လက် ပြုလုပ်လျက်ရှိသည်။ လမ်းများပေါ် တွင် သံခမောက်များ ဆောင်းထားသော ရဲအရာရှိများက သပိတ်စခန်း များကို ရှင်းလင်းနေစဉ် အချို့အရာ ရှိများက ငရုတ်ကောင်းစပရေးဘူးများ ကိုင်ဆောင်ကာ အသင့်အနေ အထားဖြင့် စောင့်ဆိုင်းလျက်တွေ့ ရကြောင်း ဒေသမီဒီယာများက ဆိုသည်။ (ဘီဘီစီ)

No comments:

Post a Comment