Monday, November 3, 2014

ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

 Photo: ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
======================================

နေပြည်တော်  နိုဝင်ဘာ  ၂

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်းနှင့်  ဦးခင်ရီတို့သည် နိုဝင်ဘာ ၁ ရက်က ဦးဥတ္တမခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန် ရှိသူများ၊  ရပ်မိရပ်ဖ  ၄၆ဝ ခန့်နှင့် တွေ့ဆုံခဲ့သည်။ ပြည်ထောင်စုဝန်ကြီး များက လက်ရှိဖြစ်ပေါ်ပြောင်းလဲ  မှုအခြေအနေများ၊ ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအစီအမံများ၊ တည် ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်မည့်  အစီအမံများအား ရှင်းလင်း ပြောကြားပြီး ပြည်နယ်တာဝန်ခံများ အနက်မှ   ပြည်နယ်ကျန်းမာရေး၊ ပြည်နယ်ပညာရေး၊ တက္ကသိုလ်တက် ရောက်သင်ကြားမှု   အခြေအနေ၊ ပြည်နယ်စိုက်ပျိုးရေး၊ ပြည်နယ်မွေးမြူ ရေး၊  သားငါးကဏ္ဍဖွံ့ဖြိုးရေး၊ ပြည် နယ် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်မှု၊ ပြည် နယ်ရေလမ်းဖွံ့ဖြိုးတိုးတက်မှုနှင့် ဆတ် ရိုးကျချောင်း တူးဖော်မှုအခြေအနေ၊ ပြည်နယ်အလုပ်အကိုင်အခွင့်အလမ်း များအခြေအနေနှင့် အလုပ်လက်မဲ့ အခြေအနေ၊  သက်မွေးဝမ်းကျောင်း ပညာရေး၊ မူလတန်းဆရာ ဆရာမများ မွေးထုတ်ရေး၊  သူနာပြု၊ သားဖွား ဆရာမများမွေးထုတ်ရေး၊ ပြည်နယ် လမ်းတံတားများ   တည်ဆောက်မှု အခြေအနေ၊ တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်မည့် အလားအလာများ၊ ပြည်နယ်လျှပ်စစ်ဖြန့်ဖြူးမည့် အခြေ အနေများကို  ရပ်မိရပ်ဖ ၊ မြို့မိမြို့ဖ များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက်  မွန်းလွဲပိုင်းတွင်  စစ်တွေ  ပုဏ္ဏားကျွန်း ကျောက်တော် လမ်းမကြီးအခြေအနေ၊ တည်ဆောက် ပြီးစီးလုဖြစ်သော ရှောက်ချောင်းတမံမှ  ကျောက်တော်မြို့ ရေပေးဝေရေးတို့ကို ကြည့်ရှုစစ်ဆေးသည်။ ညနေပိုင်းတွင် ပုဏ္ဏားကျွန်းမြို့  လျှပ်စစ်ဓာတ်အား ပေးခွဲရုံသို့ရောက်ရှိပြီး လာမည့် ဒီဇင် ဘာလတွင် ပုဏ္ဏားကျွန်းမြို့၊ စစ်တွေ မြို့၊ မြို့ဟောင်းမြို့၊ ကျောက်တော်မြို့ များသို့    လျှပ်စစ်မီးဖြန့်ဖြူးပေးရန် ဆောင်ရွက်နေမှု   နောက်ဆုံးအခြေ အနေများအား စစ်ဆေးခဲ့သည်။ ထို့အပြင် ပုဏ္ဏားကျွန်းစက်မှုဇုန် အကောင်အထည်ဖော်နေမှု အဆင့် ဆင့်အပေါ်  လမ်းညွှန်ပေးခဲ့သည်။ ပုဏ္ဏားကျွန်းမြို့ ရေပေးဝေရေးအတွက် အစီအမံအပေါ် ယခုနှစ်အတွင်း ပြီးစီး နိုင်သမျှ ကြိုးပမ်းရန်နှင့် လာမည့် မိုး ကာလတွင်   ရေသိုလှောင်နိုင်ရေး လမ်းညွှန်ခဲ့သည်။

ညပိုင်းတွင် ဝေသာလီအားကစား ကွင်းအတွင်း ရခိုင်ပြည်နယ် ရိုးရာ နပန်းအားကစားပြိုင်ပွဲ  ဖွင့်ပွဲအကြို လေ့ကျင့်မှုတွင်  ကျောင်းသူ ကျောင်း သား ၂ဝဝဝ ခန့် ပါဝင်လေ့ကျင့်နေမှု အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။                 (သတင်းစဉ်)
 
No comments:

Post a Comment