Saturday, November 1, 2014

တွံတေးမြို့နယ်သတင်းထောက်က မြန်မာ့အလင်း မြို့နယ်သတင်းထောက်များ လူမှုကူညီရေးအဖွဲ့သို့ ငွေလှူ

Photo: တွံတေးမြို့နယ်သတင်းထောက်က မြန်မာ့အလင်း
မြို့နယ်သတင်းထောက်များ လူမှုကူညီရေးအဖွဲ့သို့ ငွေလှူ

ရန်ကုန်   အောက်တိုဘာ   ၃၁

ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ် ဈေးသစ်ပိုင်း အနော်ရထာလမ်း အမှတ်(၁၆)နေ တွံတေးမြို့နယ်သတင်းထောက် ဦးကျော်သန်း(ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးရေး)၏ ၇၉ နှစ်ပြည့်မွေးနေ့အလှူအဖြစ် မြန်မာ့အလင်းသတင်း စာမြို့နယ်သတင်းထောက်များ လူမှုကူညီရေးအဖွဲ့သို့ ငွေကျပ် နှစ်သိန်းကို ၎င်း၏နေအိမ်၌ အောက်တိုဘာ ၃ဝ ရက်က ပေးအပ်လှူဒါန်းရာ လူမှုကူညီ ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း(ကျောက်တန်း)၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်(ရန်ကင်း)၊ နာယက   ဦးကျော်မြင့်သန်း(လမ်းမတော်)တို့က သွားရောက်လက်ခံယူပြီး  ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။ အလားတူ တွံတေးမြို့နယ် ရွှေဆံတော်ဘုရားလမ်းရှိ  စိတ္တသုခကုသိုလ်ပြုအသင်းသို့လည်း ဇနီး (ဒေါ်ခင်အေး)အားရည်စူး၍ ငွေကျပ်နှစ်သိန်းလှူဒါန်းရာ အသင်းဥက္ကဋ္ဌ ဦးဖြိုးကိုကို ရွှေနှင့် အမှုဆောင်များက လက်ခံယူခဲ့သည်။ အောင်သန်း(မင်္ဂလာတောင်ညွန့်)

No comments:

Post a Comment