Tuesday, October 28, 2014

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဂျာမနီနိုင်ငံတို့ ပူးပေါင်း၍ Civil Service သင်တန်းဖွင့်

Photo: ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဂျာမနီနိုင်ငံတို့
ပူးပေါင်း၍ Civil Service သင်တန်းဖွင့်

နေပြည်တော်  အောက်တိုဘာ  ၂၇

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဂျာမနီနိုင်ငံ (Konrad Adenauer Foundation) တို့ ပူးပေါင်း၍ Civil Service သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုဝေးခန်းမ၌  ဖွင့်လှစ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သင်တန်းနည်းပြ ဆရာများဖြစ်သည့် ဦးသီဟန်မျိုးညွန့်၊ ဦးဌေးနိုင်ဝင်းနှင့် ဒေါက်တာ အန်ဂန် နီဆန်တို့ တက်ရောက်ကြသည်။

သင်တန်းတွင် ဒီမိုကရေစီစနစ်နှင့်အညီ လွတ်လပ်စွာပြောဆိုခွင့်၊ ပြည်သူ့ ရေးရာစီမံခန့်ခွဲမှု၊  စီမံကိန်းနှင့် စီမံခန့်ခွဲမှု မူဘောင်သတ်မှတ်ခြင်း စသည့်အကြောင်းအရာများကို ဆွေးနွေးပို့ချမည်ဖြစ်သည်။

အဆိုပါ သင်တန်းသို့ ဝန်ကြီးဌာနများမှ သင်တန်းသား ၆၂ ဦး တက် ရောက်ခဲ့ပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂၇ ရက်မှ ၂၉ ရက်အထိ သုံးရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့တွင်လည်း အလားတူသင်တန်းကို အောက်တိုဘာ ၃ဝ ရက်မှ  နိုဝင်ဘာ ၁ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ 
                    
(သတင်းစဉ်)

No comments:

Post a Comment