Wednesday, October 29, 2014

နည်းပညာအကူအညီများပေးအပ်သွားရေး ရင်းနှီးပွင့်လင်းစွာဆွေးနွေး

 Photo: နည်းပညာအကူအညီများပေးအပ်သွားရေး ရင်းနှီးပွင့်လင်းစွာဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂကုန်သွယ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုညီလာခံ အတွင်းရေးမှူးချုပ် မစ္စတာ မူခီဆာ ကီတူရီနှင့် ညွှန်ကြားရေးမှူး မစ္စတာ တက်ဖဲတက်စဖာချူးတို့အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဦးခင်မောင်အေး၊ ဒေါက်တာဇော်မင်းအောင်နှင့် ဒေါက်တာစန်းလွင်တို့ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းမှ လွတ်မြောက်ရေးအတွက် ဝင်ငွေနိမ့်ကျမှု စံသတ်မှတ် ချက် (Gross National Income)၊ လူသားအရင်းအမြစ် စံ သတ်မှတ်ချက် (Human Assets Index)၊ စီးပွားရေးထိခိုက်လွယ်မှု စံသတ်မှတ်ချက် (Economic Vulnerability Index) စသည့် စံညွှန်းကိန်းသတ်မှတ်ချက်များအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ညီလာခံက နည်းပညာအကူအညီများ ပေးအပ် သွားရေးဆိုင်ရာများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)
 
No comments:

Post a Comment