Wednesday, October 29, 2014

ဇီဒန်းအား နည်းပြလုပ်ခွင့် သုံးလပိတ်ပင်

Photo: ဇီဒန်းအား နည်းပြလုပ်ခွင့် သုံးလပိတ်ပင်
========================

ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့သည့် ဇီးနက်ဒင်းဇီဒန်းအား  အရည်အချင်း စစ်ဆေးခွင့်မပါဘဲ  အသင်းကိုကိုင်တွယ်ခဲ့သည့်အတွက် နည်းပြတာဝန်မှ သုံးလဆိုင်းငံ့ထားသည်။ စပိန်ဘောလုံးအဖွဲ့ချုပ်က   ပြင်သစ်ကွင်းလယ် ကစားသမားဟောင်း ဇီဒန်းအား ရီးရဲမက်ဒရစ်အသင်းနည်းပြတာဝန် လုပ် ကိုင်ခွင့်မှ သုံးလပိတ်ပင်လိုက်ခြင်းဖြစ်သည်။  ဇီဒန်း၏လက်ထောက် ဆန် တီယာဂို ချန်ချက်ဇီသည် အဆိုပါပိတ်ပင်မှုကို လက်ခံရရှိသွားသည်။

အသင်း၏ဂုဏ်သိက္ခာကျဆင်းစေရန် ဆောင်ရွက်ခြင်းဖြစ်၍ ယခုဆုံးဖြတ် ချက် ကို လုံးဝလက်မခံနိုင်ကြောင်း ရီးရဲမက်ဒရစ်အသင်းက ထုတ်ပြန်ကြေညာ ချက်တွင် ဖော်ပြသည်။ ဇီဒန်းသည် ပြီးခဲ့သောရာသီက ရီးရဲမက်ဒရစ်နည်းပြ  အန်ဆယ်လော့တီ၏ လက်ထောက်နည်းပြလုပ်ခဲ့ပြီးနောက် နွေရာသီမှ စတင် ကာ အရန်နည်းပြ တာဝန်ထမ်းဆောင်သူဖြစ်သည်။

ဇီဒန်းသည် ၂ဝဝ၁ ခုနှစ်က ဂျူဗင်တပ်စ်မှ ရီးရဲမက်ဒရစ်သို့ ကမ္ဘာ့ ပြောင်းရွှေ့ကြေးစံချိန်ပေါင် ၄၅ ဒသမ ၈ သန်းဖြင့် ပြောင်းရွှေ့လာပြီး ငါးနှစ် ကြာကစားပေးခဲ့သည်။     
                    ကောင်းမြတ်သူ-ရေးသည်

ကောင်းမြတ်သူ-ရေးသည်

Like

No comments:

Post a Comment