Wednesday, October 29, 2014

မြက်ရိုင်းပင်ကြီးများ ကန်အလှကို ဖျက်ဆီးလျက်ရှိ

Photo: ထင်သာမြင်သာ ပြုပြင်စရာ
===============

မြက်ရိုင်းပင်ကြီးများ ကန်အလှကို ဖျက်ဆီးလျက်ရှိ
=============================

မိတ္ထီလာကန်ကူး  တံတားအနီးတွင် မြက်ရိုင်းပင်ကြီးများ ရှင်သန် ကြီးထွားလျက်ရှိရာ ကန်အလှကို ဖျက်ဆီးသကဲ့သို့ ဖြစ်နေ၍  သက်ဆိုင် ရာ  တာဝန်ရှိသူများအနေဖြင့်  မိတ္ထီ လာကန်   သန့်ရှင်းသာယာလှပရေး အတွက် ဖယ်ရှားရှင်းလင်းရန်လိုအပ် လျက်ရှိကြောင်း သိရသည်။

''မိတ္ထီလာကန်ကူး  တံတားပေါ် ကနေ   အနီးက   ရှေးဟောင်းသမိုင်း ဝင် ဖောင်တော်ဦး  ကရဝိက်စေတီ တော်ကိုလည်း  ဖူးမြော်လို့ရတယ်။ တောင်ဘက်က   ကန်ရှုခင်းကြည့်ပြီး အန္တကူမိုးကောင်း  ရေလယ်ဘုရားကို လည်း ဖူးမြော်လို့ရတယ်။ နံနက်စော စောဆို ဒီတံတားပေါ်မှာ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်တဲ့သူတွေ၊    လမ်း လျှောက်တဲ့သူတွေနဲ့    စည်စည် ကားကားဖြစ်နေတာ။    ပြီးတော့ မိတ္ထီလာကိုရောက်တဲ့   အဝေးက ဧည့်သည်တွေနဲ့    နိုင်ငံခြားခရီးသွား ဧည့်သည်တွေက  ဒီကန်ကူးတံတား ပေါ်ကနေ  မှတ်တမ်းဓာတ်ပုံ  ဗီဒီယို တွေရိုက်ကူးလေ့ရှိတယ်။ အခု ကန် ကူးတံတားအနီးမှာ  မြက်ရိုင်းပင်တော ကြီးက ရှင်းမယ့်သူမရှိတော့ ကန် အောက်ခြေကနေ   တံတားလက်ရန်း အနီးထိ ရှည်ထွက်ပြီး တောထနေ တယ်။  သက်ဆိုင်ရာတာဝန်ရှိသူတွေ အနေနဲ့ မိတ္ထီလာကန် သန့်ရှင်းသာယာ လှပေးရေးနဲ့   ခြေကင်းလက်ကင်းမြွေပါးကင်းပါး    ဘေးကင်းအောင် မြက်ရိုင်းပင်တောကြီးကို ရှင်းလင်းပေး သင့်ပါတယ်'' ဟု  ကျန်းမာရေးအတွက် နံနက်စောစော  လမ်းလျှောက်သူ ဒေသခံတစ်ဦးကပြောသည်။ 

မိတ္ထီလာကန်ကူး  တံတားအနီး တောင်ဘက်မှကပ်လျက်  ကန်ကူး တံတားအသစ်    တစ်စင်းကိုလည်း ထပ်မံ     တည်ဆောက်လျက်ရှိရာ တံတားအသစ်  တည်ဆောက်ပြီးစီး ပါက     တံတားနှစ်စင်းနှင့်အတူ      မိတ္ထီလာကန်သည် ပိုမိုလှပသာယာ လာမည်ဟု ဒေသခံများက မျှော်လင့် လျက်ရှိသည်။   
      ထီလာသား

ထင်သာမြင်သာ ပြုပြင်စရာ
 
Like

No comments:

Post a Comment