ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ
ကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့် ရန်ကုန်မြို့ အမေရိကန်သံရုံးမှ
ပထမအတွင်းဝန် Ms. Amy Roth အား လက်ခံတွေ့ဆုံ
ကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့် ရန်ကုန်မြို့ အမေရိကန်သံရုံးမှ
ပထမအတွင်းဝန် Ms. Amy Roth အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၁၄
ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမား ရေးရာကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် ရန်ကုန်မြို့ အမေရိကန်သံရုံးမှ ပထမအတွင်းဝန် Ms. Amy Roth အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင် အဆောင်အမှတ် (I-6) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ အလုပ်သမားရေးရာပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ကော်မတီအနေ ဖြင့် တာဝန်ယူဆောင်ရွက်ရသည့် ဥပဒေရေးရာကိစ္စရပ်များ၊ ILO အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများ ဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
No comments:
Post a Comment