နေပြည်တော် နိုဝင်ဘာ ၁၉
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယမန်နေ့
နံနက်ပိုင်းက ထိုင်းနိုင်ငံ IMPACT Exhibition Center ၌ ကျင်းပလျက်ရှိသည့်
ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာပြပွဲ (Defense & Security 2019)သို့
သွားရောက်ကြည့်ရှုလေ့လာကြသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် IMPACT Exhibition Center သို့ ရောက်ရှိပြီး ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲသို့ တက်ရောက်လာသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander V. Fomin ဦးဆောင်သော အဖွဲ့ဝင်များအား IMPACT Exhibition Center အတွင်းရှိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ချစ်ကြည် ရင်းနှီးမှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲသို့ တက်ရောက်လာကြသည့် ကမ္ဘောဒီးယား၊ မလေးရှား၊ ဘရူနိုင်းနိုင်ငံတို့မှ တပ်မတော်အကြီးအကဲများနှင့်အတူ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen.Ponpipaat Benyasri နှင့် တွေ့ဆုံ၍ နိုင်ငံအချင်းချင်း သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက် သွားမည့် အခြေအနေ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာများအား အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ကာကွယ်ရေး နှင့် လုံခြုံရေးဆိုင်ရာပြပွဲတွင် ဝင်ရောက်ပြသလျက်ရှိသည့် မြန်မာ့တပ်မတော် ပြခန်းအား ကြည့်ရှုအားပေးပြီး ပြခန်းများအတွင်း ခင်းကျင်းပြသထားသည့် နိုင်ငံအရပ်ရပ်မှ ကာကွယ်ရေးဆိုင်ရာ စစ်လက်နက်ပစ္စည်းများနှင့် အသုံး အဆောင်ပစ္စည်းများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Ponpipaat Benyasri က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။
အဆိုပါ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲတွင် နိုင်ငံပေါင်း ၄၅ နိုင်ငံ မှ ပြခန်းပေါင်း ၄၅၄ ခန်းကို ပြသထားရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

No comments:
Post a Comment