ရန်ကုန် စက်တင်ဘာ ၁၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ
နန်နင်းမြို့၌ စက်တင်ဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပမည့် (၁၆)ကြိမ်မြောက်
တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ကာလအတွင်း တရုတ်-အာဆီယံ ရုပ်မြင်သံကြား
ရက်သတ္တပတ် နှင့် ရေဒီယိုရုပ်မြင်သံကြားနှင့် မီဒီယာအသစ်ဖိုရမ်သို့
တက်ရောက်ရန် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင်
လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ နန်နင်းမြို့သို့ ထွက်ခွာရာ
ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌
ပို့ဆောင် နှုတ်ဆက်ကြသည်။
ဒုတိယဝန်ကြီးနှင့်အတူ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားညွှန်ကြားရေးမှူး(ဂီတ) ဦးတိုးကျော်နှင့် လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ခိုင်မိုးနိုင်တို့ လိုက်ပါသွားကြသည်။
သတင်းစဉ်
ဒုတိယဝန်ကြီးနှင့်အတူ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားညွှန်ကြားရေးမှူး(ဂီတ) ဦးတိုးကျော်နှင့် လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ခိုင်မိုးနိုင်တို့ လိုက်ပါသွားကြသည်။
သတင်းစဉ်
No comments:
Post a Comment