သမ္မတရွေးကောက်ပွဲသစ်ကျင်းပရေး တောင်းဆိုမှုအား ဗင်နီဇွဲလားသမ္မတ မာဒူရိုပယ်ချ

ကာရာကတ်စ် ဖေဖော်ဝါရီ ၎
ဗင်နီဇွဲလားနိုင်ငံတွင် အတိုက်အခံခေါင်းဆောင်တစ်ဦးက ၄င်းအား နိုင်ငံ၏ယာယီသမ္မတအဖြစ် ကြေညာထားပြီး နိုင်ငံရေးအရ ဝရုန်းသုန်းကားဖြစ်နေစဉ်တွင် ဥရောပနိုင်ငံ အချို့က သမ္မတ ရွေးကောက်ပွဲအသစ် ကျင်းပပေးရန် တောင်းဆိုမှုများကို ဗင်နီဇွဲလားသမ္မတမာဒူရိုက ပယ်ချခဲ့ ကြောင်း အင်န်အိတ်ခ်ျကေသတင်းတွင် ဖော်ပြသည်။
အမျိုးသားလွှတ်တော် အကြီးအကဲ အတိုက်အခံ ခေါင်းဆောင် ဂျူအန်ဂွါအီဒိုအား အမေရိကန်ပြည် ထောင်စု အပါအဝင် နိုင်ငံအချို့က ထောက်ခံမှုပေးခဲ့ပြီး ရုရှားနှင့် တရုတ်နိုင်ငံများက သမ္မတ မာဒူရိုအား ထောက်ခံခဲ့ကြသည်။
ဗင်နီဇွဲလားနိုင်ငံတွင် သမ္မတတစ်ဦးတည်းသာရှိပြီး ယင်းနိုင်ငံတွင် နောက်ထပ်သမ္မတ တစ်ဦးရှိ နေသည် ဆိုခြင်းမှာ အတွေးမှား၊ အမြင်မှားမှုသာဖြစ်ကြောင်း သမ္မတမာဒူရိုက စပိန်ရုပ်မြင်သံကြား သတင်းဌာနတစ်ခု နှင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ရာတွင် ပြောကြားခဲ့ သည်။
ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့က သမ္မတရွေးကောက်ပွဲသစ်ကျင်းပရန်အတွက် ရာဇသံပေးမှုကို သမ္မတမာဒူရိုကပယ်ချခဲ့ပြီး သမ္မတရွေးကောက်ပွဲကို ယမန်နှစ် မေလအတွင်းက ကျင်းပခဲ့ပြီး ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံသည် လွတ်လပ်သောနိုင်ငံဖြစ်ပြီး အခြားနိုင်ငံများ၏ စွက်ဖက်မှုများကို လက်ခံလိမ့် မည် မဟုတ်ကြောင်း ၄င်းက ပြောကြားသည်။
ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ အမေရိကန်တပ်ဖွဲ့များ စေလွှတ်ရန် စဉ်းစားနေကြောင်း အမေရိကန် သမ္မတ ထရန့်က ပြောကြားခဲ့သည်။
ယင်းပြောကြားမှုနှင့်ပတ်သက်၍ အမေရိကန်သည် ဗင်နီဇွဲလားနိုင်ငံအား နောက်ထပ် အီရတ် သို့မဟုတ် လစ်ဗျားကဲ့သို့ ဖြစ်လာစေရန် ကြိုးပမ်းနေကြောင်းနှင့် အမေရိကန်တပ်ဖွဲ့များ စေလွှတ် လာပါကလည်း မိမိနိုင်ငံအား ကာကွယ်သွားမည်ဟု မာဒူရိုက ပြောကြားသည်။
အင်န်အိတ်ခ်ျကေ

No comments:
Post a Comment