ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ထံ UNFPA ကိုယ်စားလှယ် Mr.Ramanathan Balakrishnan ခန့်အပ်လွှာပေးအပ်

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် သည် မြန်မာ နိုင်ငံဆိုင်ရာ UNFPA ကိုယ်စားလှယ်အဖြစ် စတင်တာဝန် ထမ်းဆောင်မည့် Mr.Ramanathan Balakrishnan အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ ထိုသို့ တွေ့ ဆုံစဉ် Mr.Ramanathan Balakrishnan က ၎င်း၏ ခန့်အပ်လွှာကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်သည်။
တွေ့ဆုံဆွေးနွေးစဉ် လိင်ပိုင်း ဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေး၊ ကျား/မ တန်းတူညီမျှရေး၊ အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် အမျိုးသမီး အကြမ်းဖက်မှုကာကွယ် ရေးဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ မြန်မာ နိုင်ငံနှင့် UNFPA တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် နိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံ၏ သန်းခေါင် စာရင်းကောက်ယူရေး လုပ်ငန်းစဉ်၌ UNFPA မှ နည်းပညာနှင့် ဘဏ္ဍာ ရေးအကူအညီများ ဆက်လက်ပံ့ပိုး ပေးအပ်ရေးကိစ္စနှင့် UNFPA ၏ စတုတ္ထအကြိမ် မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ် (၂၀၁၈-၂၀၂၂) အတွက် သဘော တူညီချက် လက်မှတ်ရေးထိုး ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
No comments:
Post a Comment