နေပြည်တော် သြဂုတ် ၂၉
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး
ဦးသန့်စင် မောင်သည် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ယာဘက်ခြမ်း
ရေတိုက်စား ကျိုးပေါက်မှုကြောင့် ရထားလမ်း ရေကျော် သည့်နေရာများသို့
သွားရောက်ကြည့်ရှု စစ်ဆေးရန် ပျဉ်းမနားဘူတာမှ RBE ရထားဖြင့် ထွက်ခွာလာရာ
ဆွာဘူတာ သို့ ရောက်ရှိ၍ ရထားလမ်းရေကျော် သည့် နေရာများအား
ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် လမ်းပိုင်းများ ရေကျသွားသည့် အချိန်တွင် ပျက်စီးသွားသည့် ရထား လမ်းပိုင်းများအား အမြန်ဆုံးပြုပြင်နိုင်ရန် အတွက် ကျောက်များနှင့် ကွန်ကရစ်ဇလီ ဖားများ တင်ဆောင်ထားသည့် ရထား များအား အဆင်သင့်ပြင်ဆင်ထားကြရန်၊ လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွား ကြရန်နှင့် ကုန်းကြီးဘူတာယာဒ်ဝန်းရှိ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ကြသည့် ဝန်ထမ်းများအား ရေဘေးလွတ်ရာ ကုန်းကြီးဘူတာတွင် ခေတ္တနေရာချထား ပေးပြီး စားသောက်နေထိုင်ရေး အဆင် ပြေစေရေး ဆောင်ရွက်ပေးကြရန် တာဝန် ရှိသူများအား မှာကြားသည်။
ယင်းနောက် ခရီးသွားပြည်သူများသွားလာမှုအဆင်ပြေစေရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အစီအစဉ်ဖြင့် မြန်မာ့မီးရထားနှင့်ပူးပေါင်း၍ မန္တလေး ဘက်မှလာသော အမှတ်(၁၂) အစုန် လူစီးအမြန်ရထားတွင် စီးနင်းလိုက်ပါလာ သည့် ခရီးသည် ၂၄၉ ဦးအား ဆွာဘူတာမှ ရေတာရှည်ဘူတာသို့ လည်းကောင်း၊ ရန်ကုန်ဘက်ခြမ်းမှလာသော အမှတ် (၁၁)အဆန် လူစီးအမြန်ရထားတွင် စီးနင်း လိုက်ပါလာသောခရီးသည် ၁၆၅ ဦး အား ရေတာရှည်ဘူတာမှ ဆွာဘူတာသို့ လည်းကောင်း City Bus လေးစီးဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ပြီး မော်လမြိုင်- နေပြည်တော် ရထားနှင့်စီးနင်းလိုက်ပါလာ သည့် ခရီးသည်များအား နေပြည်တော် ဘူတာသို့ ကားဖြင့် အရောက်ပို့ဆောင်ပေး မည်ဖြစ်သည်။
ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ယာဘက်ခြမ်း ရေတိုက်စားကျိုးပေါက် မှုကြောင့် ဆွာဘူတာနှင့် ကုန်းကြီးဘူတာ ကြားအရှည် ၃၄၈ ပေရှိ တံတားအမှတ် (၃ဝ၆)ပေါ်သို့ ရေတစ်ပေခန့် ကျော် နေခြင်း၊ ကုန်းကြီးဘူတာယာဒ်ဝန်း၌ ရေသုံးပေခွဲခန့် ရေကျော်နေခြင်း၊ ရန်ကုန် ဘက်ခြမ်းရှိ အစုန်လမ်း မိုင်တိုင်အမှတ် (၁၉၁/၁၁-၁၂)ကြား၌ သံလမ်းပေါ်ရေ ခြောက်လက်မခန့် ကျော်နေခြင်း၊ အရှည် ပေ ၈ဝ ရှိ တံတားအမှတ် (၃ဝ၅)နှင့် အရှည် ပေ ၂ဝ ရှိ တံတားအမှတ် (၃ဝ၇)ပေါ်တွင် ရေနစ်မြုပ်လျက်ရှိနေခြင်း ကြောင့် ရန်ကုန်- မ္တလေး အစုန်/အဆန် ရထား လမ်းပိုင်းကို ယနေ့နံနက် ၈ နာရီ ခွဲခန့်တွင် ပိတ်ထားခဲ့ကြောင်း သိရှိ ရသည်။
သတင်းစဉ်

No comments:
Post a Comment