
ဝါရှင်တန် ဇွန် ၂
အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံထိပ်သီးအစည်းအဝေးပွဲကို ယခင်သတ်မှတ်ထားသည့် ဇွန် ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်းနှင့် အစည်းအဝေး တွင် မြောက်ကိုရီးယားနျူကလီးယားစွန့်ပယ်ရေးကိစ္စရပ် ကို အဓိကဆွေးနွေးကြမည်ဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ကြောင်း ယနေ့သတင်းများ အရ သိရသည်။
နှစ်နိုင်ငံထိပ်သီးအစည်းအဝေးပွဲတွင် မြောက်ကိုရီး ယား၏ နျူကလီးယားလက်နက် ကင်းစင်ပပျောက်ရေးနှင့် ပတ်သက်ပြီး အကျိုးဖြစ်ထွန်းစေသော သဘောတူညီချက် တစ်ရပ် ထွက်ပေါ်စေရန် နှစ်နိုင်ငံခေါင်းဆောင်များက ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်သည်။
သမိုင်းတွင်မည့် နှစ်နိုင်ငံထိပ်သီးအစည်းအဝေးပွဲကို ယခင်သတ်မှတ်ထားသည့်အတိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း သမ္မတထရန့်က ဇွန် ၂ ရက်တွင် ကြေညာခဲ့ သည်။ ယခုကျင်းပမည့် ထိပ်သီးအစည်းအဝေးသည် ကမ္ဘာ့နိုင်ငံများအတွက် အကျိုးများစေနိုင်ကြောင်းနှင့် နှစ်နိုင်ငံအကြား အစည်းအဝေးပွဲများကျင်းပရန် လမ်းဖွင့် ပေးရာရောက်ကြောင်း သမ္မတထရန့်က ဆိုသည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယား လက်နက်စွန့်ပယ်ရန် သဘောတူညီသည့်တိုင် ¤င်းအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို လုံးဝဖယ်ရှား ပစ်မည်မဟုတ်ကြောင်း သမ္မတထရန့်က ပြောကြားခဲ့သည်။ သို့သော် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်မှုမရှိသည့်အတွက် အကြီးစားစီးပွားရေးပိတ်ဆို့မှုများကို ချမှတ်မည်မဟုတ် ကြောင်း သမ္မတထရန့်က ဆိုသည်။
အမေရိကန်အစိုးရက မြောက်ကိုရီးယားနိုင်ငံအား ¤င်းပိုင်ဆိုင်ထားသော နျူကလီးယားလက်နက်ကို အပြီး တိုင် စွန့်ပယ်ရန် တိုက်တွန်းထားသည်။ ပြုံယမ်းအနေဖြင့် နျူကလီးယားလက်နက်ကို စွန့်ပစ်မည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။ သို့သော် အမေရိကန်အနေ ဖြင့် စစ်ရေးခြိမ်းခြောက်မှုများ မပြုလုပ်ရန်နှင့် မြောက်ကိုရီး ယားအစိုးရ၏ လုံခြုံရေးကို အပြည့်အဝ အာမခံမှုပေးရန် မြောက်ကိုရီးယားနိုင်ငံက တောင်းဆိုထားကြောင်း သိရ သည်။
အင်န်အိတ်ခ်ျကေ
No comments:
Post a Comment