မြန်မာတစ်နိုင်ငံလုံးတွင် အထူးခြားဆုံးပွဲတော်
တစ်ခုဖြစ်သည့် အကြိမ် ၆ဝ မြောက် ပျားရည်
ဆွမ်းလောင်းလှူပွဲကို ဧပြီ ၂၉ ရက် နံနက် ၈နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး မြိတ်
ခရိုင် ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာအုပ်စု ထိန်ချောင်းကျေးရွာရှိ အောင်တော်မူ
သာသနာ့ရိပ်သာကျောင်းတိုက်၌ ကျင်းပသည်။

ဆရာတော် သံဃာတော်များ၊ ရှင်သာမဏေ
များနှင့် သီလရှင်များက စီတန်းလျက် အလှူခံ
ကြွရောက်ခဲ့ရာ ဒေသခံများနှင့် အနယ်
နယ်အရပ်ရပ်မှ ရောက်ရှိလာသော အလှူရှင်
များက ပျားရည်ဆွမ်းများကို ဇွန်းဖြင့် တစ်ဇွန်း
ချင်း မိမိတို့တတ်စွမ်းသမျှ စေတနာသဒ္ဓါ
တရားထက်သန်စွာ လောင်းလှူခဲ့ကြကြောင်း သိရသည်။

''ဆရာတော်က ကျွန်းစုမြို့နယ်ကို လေ့လာ
ရေးခရီးထွက်ရင်း ကြွလာတာဖြစ်တယ်၊ ဆရာတော်က ဒီအောင်တော်မူ သာသနာ့
ရိပ်သာကျောင်းတိုက်က ဆရာတော်နဲ့လည်း ရင်းနှီးတော့ ကျောင်းတိုက်ကို အလည်လာရင်း ပျားရည်ဆွမ်းလောင်းလှူပွဲနဲ့ ကြုံခဲ့တာဖြစ်
တယ်၊ ပျားရည်ဆွမ်းလောင်းလှူပွဲဆို မြန်မာ
ပြည်မှာ ဒီကျောင်းတိုက်တစ်ခုတည်းသာ
ပြုလုပ်တာတွေ့ဖူးတယ်၊ ဆရာတော်က အခြားတိုင်းဒေသကြီးနှင့် အမြို့မြို့အနယ်နယ်
ရောက်ဖူးပါတယ်၊ ဒီလို ပျားရည်ဆွမ်းလောင်း
လှူပွဲမျိုးတွေ့ရတာ ကြည်နူးမိပါတယ်'' ဟု
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် (၃) ရပ်ကွက် သစ္စာဝါဒီဓမ္မရိပ်သာကျောင်းတိုက် မှ အရှင်ဥတ္တရ (B .A Buddhism) က မိန့်ကြား
သည်။

ထိုသို့ ပျားရည်ဆွမ်းလောင်းလှူရန်အတွက် ထိန်ချောင်းကျေးရွာသူ၊ ကျေးရွာသားများက ပျားရည်များရရှိရန် မိမိတို့ ခြံဝင်းအတွင်းရှိ သစ်ပင်များတွင် မိုးအကုန်မှစတင်ကာ ပျား
ရည်ဆွမ်းလောင်းလှူပွဲအမီ ပျားပုံးများဖြင့်
မွေးမြူထားကြောင်းနှင့် ရပ်ဝေးမှရောက်ရှိလာ သော ပျားရည်အလှူရှင်များ အလွယ်တကူ ဝယ်ယူနိုင်ရန်အတွက်လည်း မွေးမြူထား ကြောင်း သိရသည်။

အဆိုပါ ပျားရည်ဆွမ်းလောင်းလှူပွဲကို ကောဇာသက္ကရာဇ် ၁၃၂ဝ ပြည့်နှစ်မှ ကောဇာ
သက္ကရာဇ် ၁၃၈ဝ ပြည့်နှစ်အထိ နှစ်စဉ်နှစ်တိုင်း
ကျင်းပလာခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း
၆ဝ ကြာခဲ့ပြီဖြစ်ပြီး ယခုနှစ် ပျားရည်ဆွမ်း လောင်းလှူပွဲတွင် ရဟန်းသံဃာတော် ၂၁၃ ပါး၊ သာမဏေ ၁၂ ပါး၊ သီလရှင် ၄၆ ပါး စုစုပေါင်း ၂၇၁ ပါး တို့အား ပျားရည်ဆွမ်း
လောင်းလှူခဲ့ကြကြောင်း သိရသည်။

မြင့်ဦး (မြိတ်)
No comments:
Post a Comment