
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် သမင်အင်းကုန်းကျေးရွာ အုပ်စုရှိ ကျေးလက်ဖွံ့ဖြိုးရေး လမ်း ချိန်းချောင်းတံတားအား တည် ဆောက်လျက်ရှိရာ ယခုအခါ ၉ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်၍ မကြာမီ တံတားအား ဖွင့်လှစ်နိုင် တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးလက်ဖွံ့ဖြိုးရေးလမ်းချိန်းချောင်းတံတားအား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ကျောက်တံခါးမြို့နယ်မှ စီစဉ်ကြီး ကြပ်၍ တင်ဒါရရှိသော အောင်စည် မြေကုမ္ပဏီမှ ဖေဖော်ဝါရီ ၈ ရက် က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး တံတားအရှည် ပေ ၇ဝ၊ တံတား အကျယ်ပေ ၂ဝ၊ တံတားအမြင့် ၂၂ ပေ သံကွန်ကရစ် တံတားအမျိုးအစား ဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ် ၁ဝ၂ သန်း ဖြင့် တည်ဆောက်ခဲ့ရာ ၉ဝ ရာခိုင် နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး တံတား ပြီးစီးသွားပါက ကျောက်တံခါး၊ သမင် အင်းကုန်း၊ ကျောက်စရစ်၊ ဒိုးတန်း လက်ခံကျေးရွာများသို့ သွားလာနိုင်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ အဆင်ပြေစွာ သွားလာ ဆောင်ရွက်နိုင်တော့မည်ဖြစ် သည်။
ခင်ကို(ကျောက်တံခါး)
No comments:
Post a Comment