
အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းရှိ ဟဲလ်မန်းပြည်နယ် နတ်အလီ ခရိုင်ရှိ စစ်ဘက်အခြေစိုက်စခန်းတစ်ခုတွင် ဧပြီ ၂၈ ရက်က အသေ ခံဗုံးခွဲတိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ လူခြောက်ဦးထက်မနည်း သေဆုံးပြီး ၁ဝ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် အသေခံဗုံးခွဲတိုက်ခိုက်သူလည်းပါဝင်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့ပြောရေးဆိုခွင့်ရှိသူ အိုမာဇဝက်က ပြောကြားသည်။
နတ်အလီခရိုင်အတွင်းရှိ စစ်ဘက်အခြေစိုက်စခန်းသို့ ဧပြီ ၂၈ ရက် နံနက်ပိုင်းက အကြမ်းဖက်သမားတစ်ဦးမောင်းနှင်လာ သည့် ဖောက်ခွဲရေးပစ္စည်းများတင်ဆောင်လာသော မော်တော်ယာဉ် တစ်စီးဝင်ရောက်လာပြီး ယာဉ်မောင်းနှင်သည့် အကြမ်းဖက်သမားက အသေခံဖောက်ခွဲမှုကြောင့် ¤င်းအပါအဝင် လူခြောက်ဦးသေဆုံးခဲ့ ကြောင်း၊ သေဆုံးသွားသူများမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားလေးဦးတို့ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သား ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရပြောရေး ဆိုခွင့်ရှိသူက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
ယင်းအသေခံကားဗုံးဖောက်ခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ အသေးစိတ်ပြောကြားခဲ့ခြင်းမရှိသော်လည်း စုံစမ်းစစ်ဆေးမှုစတင် လုပ်ဆောင်နေကြောင်း ၎င်းကပြောကြားသည်။
ယင်းတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်ရသူဦးရေမှာ ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူပြောကြားသည့် အရေအတွက်ထက် ပိုမိုများပြားကြောင်း အတည်မပြုနိုင်သည့်သတင်းများ ထွက်ပေါ် ခဲ့သည်။
ဆင်ဟွာ
No comments:
Post a Comment